ထောပတ်ပါစတာ (pasta) သုပ် ကိုယ်တိုင် လုပ်စားကြမယ်

avocado-pasta-630x350_1.jpg

ပါစတာအတွက် ထောပတ်ကို အစားမြိန်ရည် ဆော့တစ်ခုအနေနဲ့ အသုံးပြုပြီး ထူးခြားတဲ့ ချက်ပြုတ်ပြင်ဆင်နည်းတစ်ခု စမ်းလုပ်ကြည့်ကြရအာင်။ ပြင်ဆင်လုပ်ဆောင်ရတာလည်း ရိုးစင်းလွယ်ကူမှုရှိတာကြောင့် ကိုယ့်အိမ်မှာတင် အလွယ်တကူ လုပ်စားနိုင်ပါတယ်။ 

ပါဝင်ပစ္စည်းများ

·         ပါစတာ pasta (မိမိကြိုက်နှစ်သက်ရာ) – ၁၃၀ ဂရမ် (၄.၆ အောင်စ)

·         ထောပတ် – ထောပတ်အမှည့် ၂ လုံး (အစေ့မပါ)

·         ကြက်သွန်ဖြူ –  ၂ မွှာ

·         ဆားနဲ့ ငရုတ်ကောင်း – သင့်အောင်ခတ်

·         သံပုရာရည် – ထမင်းစားဇွန်း ၂ ဇွန်း

·         ပင်စိမ်း

·         သံလွင်ဆီ

·         ခရမ်းချဉ်သီး

·         ပြောင်းဖူးပြုတ် တို့ပဲ ဖြစ်ပါတယ်။

အိုးအကြီးတစ်လုံးထဲ ရေနွေးဆူအောင်တည်၊ ပါစတာ၊ ဆားတွေထည့်ပြီး အထုပ်ပေါ် လမ်းညွန်ချက်တွေအတိုင်း ပြုတ်ပေးရပါမယ်။

စားမြိန်ရည်အတွက် ထောပတ်၊ ပင်စိမ်း၊ ကြက်သွန်ဖြူနဲ့ သံပုရာရည်ကို ကြိတ်စက်တစ်ခုထဲ ထည့်ပါ။ ဆားနဲ့ ငရုတ်ကောင်းကို သင့်တော်သလို ထည့်ပြီး ကြိတ်နေစဉ်မှာ သံလွယ်ဆီ နည်းနည်းချင်းစီလည်း ထည့်ပေးရပါမယ်။

ပါစတာကို အဲဒီထောပတ်စားမြိန်ရည်လေးနဲ့ ပေါင်းစပ်ပြီးနောက် ခရမ်းချဉ်သီးနဲ့ ပြောင်းဖူးပေါင်းထည့်ပေးရပါမယ်။  

Ref: FLA 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.