ချစ်သူနှစ်ဦးကို ရင်ခုန်သံချင်း ပိုနီးစေမယ့် ခေတ်မီ စမတ်လက်စွပ်

1470677041-6heartbeatrings.jpg
ကိုယ့်ချစ်သူတစ်ယောက် ကိုယ်နဲ့အဝေးမှာရှိနေချိန် သူဘာတွေ တွေ့ကြုံ ခံစားနေရသလဲဆိုတာ လူတိုင်းသိချင်ကြမှာပါပဲ။ အခုတော့ ကိုယ့်ချစ်သူအကြောင်း အချိန်ပြည့်သိချင်နေတဲ့ စိတ်ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့အတွက် The Touch ဆိုတဲ့ နည်းပညာ ကုမ္ပဏီက ခံစားချက်တွေကို ဆက်သွယ်ပေးမယ့် ကိရိယာတစ်ခုကို ဖန်တီးပေးလိုက်ပါပြီ။အထူးသဖြင့် ဒီကိရိယာလေးက ပိုပြီးရင်းနှီးတဲ့ ဆက်ဆံရေးဖြစ်သွားစေဖို့ အာမခံပေးနိုင်ပါတယ်လို့ ဆိုထားပါတယ်။
 
The Touch ရဲ့ ပထမဆုံး ပစ္စည်းဖြစ်တဲ့ ကိုယ့်ချစ်သူရဲ့ နှလုံးခုန်သံကို အချိန်နဲ့ တပြေးညီ ကြားနေစေနိုင်ပြီး ရင်ခုန်သံချင်းနီးစပ်စေမယ့်လက်စွပ်ကို HeartBeat Ring( ရင်ခုန်သံ လက်စွပ်)လို့ အမည်ပေးပြီး ထုတ်လုပ်လိုက်ပါတယ်။ ဒီလက်စွပ်ကို ဘလူးတုသ်၊ အင်တာနက်နဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်။
 
လက်စွပ်ကို နှင်းဆီရောင် ရွှေ (rose gold) နဲ့လုပ်ထားတာရယ် စတီးစစ်စစ်နဲ့ လုပ်ထားတာရယ်ဆိုပြီး နှစ်မျိုးရနိုင်ပါတယ်။ ရေစိုခံပြီး အစင်းရာမထင်တဲ့ ကြည်လင်တဲ့ နီလာမျက်နှာပြင်နဲ့ ပြုလုပ်ထားပြီး လက်စွပ်အတွင်းပိုင်းမှာ နှလုံးခုန်သံကို တိုင်းတာပေးမယ့် အာရုံခံ ပစ္စည်းတွေ ပါဝင်ပါတယ်။ အခုလောလောဆယ်မှာ iOS မှာ သုံးနိုင်တဲ့ app ပဲရသေးပေမဲ့ ဒီနှစ် ဆောင်းရာသီမှာ android ဖုန်းတွေမှာ သုံးနိုင်တဲ့ app တွေနဲ့ ရနိုင်မှာ ဖြစ်ပါတယ်။
 
ရွှေနဲ့ လုပ်ထားတဲ့လက်စွပ် တစ်စုံအတွက် $2990 ကျပြီး စတီးစစ်စစ်နဲ့ လုပ်ထားတဲ့ လက်စွပ်တစ်စုံအတွက်ကတော့ $499 ကျသင့်မှာ ဖြစ်ပါတယ်။ The Touch ကုမ္ပဏီကို သြဂုတ်လ ၃၁ နေ့အထိ ကြိုတင်စာရင်းပေးမှာယူနိုင်မှာ ဖြစ်ပါတယ်။ ဘယ်နေရာရောက်နေနေ ဒီစမတ်လက်စွပ်ကို သုံးပြီး ဖုန်းခေါ်တာ၊ စာပို့တာ၊ အီးမေးလ်ပို့တာနဲ့ ဗီဒီယိုကောလ်ခေါ်တာတွေ လုပ်နိုင်သေးတဲ့အပြင် အဝေးရောက်နေတဲ့ ချစ်သူရဲ့ နှလုံးခုန်သံလေးကိုလည်း အမြဲကြားနေနိုင်မှာ ဖြစ်ပါတယ်။ 
 
Ref:redbookmag
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.