ထူးချွန်ထက်မြတ်မယ့် ကလေးတွေမှာ ရှိတတ်တဲ့ လက္ခဏာများ

geniuskidmsn.jpg

ကိုယ့်ကလေး နှစ်နှစ်အရွယ်လေးက သက်တူရွယ်တူတွေရှေ့မှာ ခုန်ပေါက်ပြေးလွှားနေရင် ယုံကြည်စိတ်ချနေတတ်ကြပါတယ်။ ဒါပေမယ့် သူ/သူမ အရွယ်မရောက်မချင်း ၁၀၀ ရာခိုင်နှုန်း ကျိန်းသေတွက်လို့ မရသေးပါဘူး။ National Association for Gifted Children ရဲ့ ပြောဆိုချက်အရ အသက် ၂ နှစ်နဲ့ ၄ နှစ်ကြား အရွယ်တွေမှာ အထူးအာရုံစိုက်ရမယ့် ထူးချွန်ထက်မြတ်မှုအလားအလာကို ပြတဲ့ လက္ခဏာ အနည်းဆုံး (၁၁) ချက် ရှိတယ်လို့ သိရပါတယ်။

၁။ အပြစ်ပြောစရာမရှိတဲ့ မှတ်ဥာဏ်ပိုင်ဆိုင်ခြင်း

၂။ စကားပြောစောပြီး ဝေါဟာရကြွယ်ဝခြင်း

၃။ စူးစမ်းတဲ့ မေးခွန်းတွေ မေးမြန်းတတ်ခြင်း

၎။ အာရုံစူးစိုက်မှု ကောင်းမွန်ခြင်း

၅။ စိတ်ဝင်စားမှုအမျိုးအစားစုံစုံလင်လင်ရှိခြင်း

၆။ ဒါမှမဟုတ် နယ်ပယ်တစ်ခုတည်းမှာပဲ ပြင်းပြင်းထန်ထန် အာရုံစူးစိုက်တတ်ခြင်း

၇။ တရားမျှတမှု အသိဥာဏ်ရှိခြင်း

၈။ စောစီးစွာ စာဖတ်တတ်ခြင်း

၉။ ရှင်းလင်းပြတ်သားတဲ့ စိတ်ကူးစိတ်သန်းတွေ ရှိခြင်း

၁၀။ ကလေးတစ်ယောက်ဆိုပေမယ့် တောင့်တင်းပြီး နိုးကြားတက်ကြွနေခြင်း

၁၁။ ဟာသနားလည်ခံစားတတ်မှုရှိခြင်း တို့ပဲဖြစ်ပါတယ်။ ကဲ ကိုယ့်ကလေး အနေအထားကို ကိုယ်တိုင်သုံးသပ်ကြည့်လိုက်ပါဦး။

Ref: purewow

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.