Power ခလုတ်ပေါ်က သင်္ကေတရဲ့ မူလအစနဲ့ ဆင့်ကဲပြောင်းလဲဖြစ်ပေါ်လာပုံ

lifebuzz-be74bc75f9e6be5ab1d8e791048e59ee-limit_2000.jpg

လျှပ်စစ်နဲ့ အီလက်ထရောနစ် ပစ္စည်းတွေ များပြားလာမှုနဲ့အတူ လူတွေဟာ မိုက်ခရိုဝေ့မီးဖို၊ ရှပ်မြင်သံကြား၊ လက်တော့ပ်၊ အဝတ်လျှော်စက်၊ ကြိတ်စက်စတာတွေနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိလာကြပါတယ်။ နောက်ပြီး power ခလုတ်ပေါ်က တစ်ခြမ်းပဲ့စက်ဝိုင်းအတွင်း မျှဉ်းကြောင်းတစ်ခုနဲ့ သင်္ကေတကို သတိထားမိကြပါလိမ့်မယ်။ ဒီသင်္ကေတလေး ဘာကိုဆိုလိုသလဲ သိချင်စိတ်ဖြစ်ဖူးပါသလား။ World war II နဲ့ power ခလုတ်သင်္ကေတကြား ဆက်နွယ်မှုတစ်ခုရှိကြောင်း သိကြားပြီးနောက်မှာတော့ အံ့သြစရာမရှိပါဘူး။ Power ခလုတ်သင်္ကေတရဲ့ မူလအစနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာအချက်တစ်ခုရှိပါတယ်။

ကနဦးမှာတော့ အဖွင့်အပိတ် ခလုတ်တွေမှာ ON နဲ့ OFF ပြောင်းရွေ့နိုင်တဲ့ မောင်းတံ သို့မဟုတ် ဆွဲခလုတ် တစ်ခုရှိပါတယ်။ ခလုတ်ပေါ်မှာ Power ဆိုတဲ့စာလုံးလည်း မြင်တွေ့မှာပါ။ နောက်ပိုင်းကျတော့ ဒီစာလုံး ၂ လုံးကို I and O နဲ့ အစားထိုးလိုက်ပါတယ်။ On နဲ့ off နှစ်ခုကြား မိမိလိုရာ လွှဲပြောင်းရွှေ့ပေးရပါတယ်။ ရလဒ်တစ်ခုအဖြစ် I နဲ့ O ကွဲပြားမှုရှိလာပါတယ်။

ဒါပေမယ့် microprocessors တွေရဲ့ ဆင့်ကဲပြောင်းလဲ တိုးတက်ပြီးနောက်ပိုင်း ခလုတ်တွေဟာ ဖိခလုတ်ဖြစ်လာပါတယ်။

ကွန်ပျူတာအတွင်းပိုင်းစနစ်က On နဲ့ Off ကို ခွဲခြားသဘောပေါက်နားလည်နိုင်ကြပါတယ်။ ဒီတီထွင်မှုအပြီး On နဲ့ Off ရွေးချယ်မှုနှစ်ခုစလုံး သိရှိစေတဲ့ icon သင်္ကေတတစ်ခု လိုအပ်လာခဲ့ပါတယ်။ World war II အတွင်း ပါဝါခလုတ်သင်္ကေတကို ဒွိစုံစနစ်ကို အင်ဂျင်နီယာတွေ အသုံးပြုလာကြပါတယ်။

ဒွိစုံစနစ်မှာ 1 က ‘on’၊ O က ‘off’ လို့ အဓိပ္ပါယ်ရပါတယ်။

၁၉၇၃ ခုနှစ်ရောက်တော့ International Electrotechnical Commission (IEC) ကနေ 1 နဲ့ O ထပ်ဆင့်လုပ်ထားတဲ့ သင်္ကေတကို ပါဝါခလုတ်အဖြစ် စံသတ်မှတ်ထားလိုက်ပါတယ်။ ON/OFF ကို ပါဝါခလုတ်က အရောင်နဲ့ ခွဲခြားသိနိုင်ပါတယ်။

Ref: alltechbuzz

34 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.