အလေးမပြီးနောက် ဖြစ်တဲ့ လက်အသားမာတွေ ဖယ်ရှားနည်း

unnamed.jpg
လက်အိတ်က လက်တွေကို ကာကွယ်ကောင်း ကာကွယ်ပေးပါလိမ့်မယ်။ ဒါပေမယ့် အသားမာဖြစ်ပွားမှု တားဆီးပေးတဲ့ ပစ္စည်းကိရိယာတိုင်းက လေ့ကျင့်ခန်းကို အနှောင့်အယှက်ဖြစ်စေကြောင်း သိထားရပါမယ်။ အထူးသဖြင့် Kettlebell နဲ့ လေ့ကျင့်တဲ့ခါ လက်အိတ်က စနစ်ကျမှန်ကန်တဲ့ နည်းစနစ်ကို အဟန့်အတားဖြစ်စေပါတယ်။ ဒါပေမယ့် လက်နဲ့ လေ့ကျင့်ခန်းသုံးပစ္စည်းကိရိယာနှစ်ခု ပွတ်တိုက်မှုကို အောက်ပါနည်းလမ်းနဲ့ လျှော့နည်းစေနိုင်ပါတယ်။ 
 
-လေ့ကျင့်ခန်းမစခင် လက်တွေသေချာပွတ်ပေးပါ။ အသားမာတွေ မထိပါနဲ့။ အဆက်မပြတ် ထိမိပါက အခြေအနေ ပိုဆိုးသွားပါလိမ့်မယ်။ 
 
– အသားမာတွေကို ဆွဲနုတ်ပွတ်တိုက်ခြင်းကြောင့် ပိုမိုထူထပ်၊ မာတောင့် လာပါလိမ့်မယ်။ သွေးတွေလည်း ထွက်နိုင်ပါတယ်။ 
 
-လက်တွေကို ဆားခပ်ထားတဲ့ ရေနွေးထဲထည့်ပြီး ၁၅ – ၃၀ မိနစ် စိမ်ထားပေးပါ။ အရေပြား ပျော့ပျောင်းလပြီဆိုရင် အရေပြားဆဲလ်သေတွေ ဖယ်ရှားပါ။ ဒါပေမယ့် ထိခိုက်နာကျင်မှုမဖြစ်အောင်တော့ သေချာဂရုစိုက်ပေးရပါမယ်။ အသားမာတွေ ဖယ်ရှားတဲ့အခါ အရေပြားမှာ ရေဓာတ်ဝင်အောင် လူးရှင်းလိမ်းပါ။ 
 
– အရေပြားကြမ်းထော်မှုကို ကာကွယ်ဖို့ တစ်နေ့ ၂ ကြိမ် လုပ်ပေးရပါမယ်။ ရလဒ်က ချက်ချင်း သိသာလာပါလိမ့်မယ်။ ဒါပေမယ့် နှစ်ပတ်ကြာပြီးနောက် ထူးခြားမှုကို မြင်တွေ့ပါလိမ့်မယ်။ 
 
Ref:finelivingadvice
 
 
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.