မိန်းမတွေ အမြင်ကတ်ပြီး ယောက်ျားတွေပဲ ကြိုက်တဲ့ ဘောင်းဘီ

landscape-1470241826-gettyimages-184139087.jpg
တစ်ကမ္ဘာလုံးက မိန်းမတွေ သူတို့ယောက်ျားတွေကို လွှင့်ပစ်စေချင်တဲ့ ပစ္စည်းတွေထဲမှာ အိပ်ကပ်တွေ အများကြီးပါပြီး ကာဂိုဘောင်းဘီလိုခေါ်တဲ့ ဘောင်းဘီတိုတွေ ပါပါတယ်တဲ့။ ဘောင်းဘီပတ်လည်မှာ အိတ်ကပ်အကြီးကြီးတွေ အများကြီးပါတဲ့ ဒူးဖုံးဘောင်းဘီတွေက ၂၀၀၀ခုနှစ် အစောပိုင်းကစပြီး သိပ်ခေတ်စားတဲ့ စတိုင်မဟုတ်တော့ပေမဲ့လည်း ဒီဘောင်းဘီတွေကို အခုထိ နှစ်နှစ်ခြိုက်ခြိုက် ဝတ်တတ်တဲ့လူတွေ အများကြီးရှိနေသေးတာကို တွေ့ရပါတယ်။ အမေရိကန်နိုင်ငံတစ်ခုတည်းမှာတင် ဒီကာဂို ဘောင်းဘီတွေကို တစ်နှစ် ဒေါ်လာ သန်း၇၀၀ ကျော်ဖိုးရောင်းချနေရဆဲ ဖြစ်ပါတယ်တဲ့။
 
လေ့လာချက်တွေအရ မိန်းမတွေက သူတို့ရဲ့ ယောက်ျားတွေကို ပွယောင်းယောင်းနဲ့ အစုံထည့်လို့ရတဲ့ ဒီလို ဘောင်းဘီတွေဝတ်တာကို မနှစ်သက်ဘူးဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ယောက်ျားလေးအများစုကလည်း အလုပ်လုပ်တဲ့အချိန်မှာတော့ ကြည့်ပျော်ရှုပျော်ရှိတဲ့ ဘောင်းဘီတွေကို ဝတ်ရတာ သဘောကျပေမဲ့ အိမ်မှာနေတဲ့အချိန်တွေနဲ့ ထသွားထလာ အပြင်သွားတဲ့ အချိန်တွေမှာ ကာဂိုဘောင်းဘီတွေကို ဝတ်ရတာ အရမ်းကြိုက်ကြပါတယ်တဲ့။လွတ်လပ်ပေါ့ပါးတဲ့ အရသာကို ခံစားရလို့ ဖြစ်ပါတယ်တဲ့။
 
မိန်းမတွေအနေနဲ့ ဒီဘောင်းဘီအပွကြီးတွေ ဝတ်ဆင်ထားတဲ့ ယောက်ျားတွေကို ဆွဲဆောင်မှုရှိတယ်လို့ မခံစားရဘဲ အူကြောင်ကြောင်နိုင်တယ်လို့ ခံစားရတဲ့ အချက်ရယ်၊ လျှော်ဖွတ်တဲ့အခါမှာ ကြီးမား လေးလံတာ တွေကြောင့် အဆင်မပြေဖြစ်ရတဲ့ အချက်တွေရယ်၊ အိတ်တွေ အများကြီးပါတဲ့အတွက် ယောက်ျားဖြစ်သူမှာ သူတို့မသိအောင် ဖွက်ထားစရာနေရာတွေ အများကြီးရှိတယ်လို့ ခံစားရတဲ့အတွက် ကာဂိုဘောင်းဘီတွေကို မကြိုက်ကြတာလို့ ဆိုပါတယ်။
 
၉၀ ခုနှစ် အလယ်ပိုင်းလောက် ဒီဘောင်းဘီတွေ ပေါ်ကာစမှာ အလယ်တန်းကျောင်းသားအရွယ် လူငယ်လေးတွေ စဝတ်ခဲ့ကြပြီး အခုအချိန်မှာ ဒီလူငယ်တွေက လူကြီးတွေ ဖြစ်လာကြပေမဲ့လည်း ဆက်ပြီးဝတ်နေသေးတဲ့ ဘောင်းဘီတစ်မျိုးဖြစ်ပါတယ်လို့ ကာဂိုဘောင်းဘီနဲ့ ပတ်သက်ပြီး စာတမ်းပြုစုနေတဲ့  ပါမောက္ခ Joseph Hancook က ပြောထားပါတယ်။ မိန်းမတွေအနေနဲ့ သူတို့ယောက်ျားတွေနဲ့ အတူ အပြင်သွားတဲ့အခါ ဒီဘောင်းဘီဝတ်ထားတာကို မကြိုက်ကြပါဘူး။ ယောက်ျားကို ဒီလိုပုံစံဝတ်ခိုင်းပြီး အပြင်ထွက်ခိုင်းတဲ့ ဖက်ရှင်အမြင်မရှိတဲ့ မိန်းမလို့ ဝေဖန်ခံနေရသလို ခံစားရတဲ့အတွက်ကြောင့်ပါလို့ အမျိုးသမီးတော်တော်များများက ဖြေကြားခဲ့ပါတယ်။
 
Ref:redbookmag
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.