ချွေးမများ သတိထား

double-murder-1.jpg
အသက် ၅၆ နှစ် အရွယ် Mumbra မြို့က အမျိုးသမီးက သားကသူ့ထက် ပိုပြီး မိန်းမကို ဂရုစိုက်တဲ့အတွက် မကျေနပ်လို့ ချွေးမဖြစ်သူနဲ့ သူ့အမေကို သတ်ပစ်ခဲ့တဲ့ အမှုတစ်ခု တနလာင်္နေ့က ဖြစ်ပွားခဲ့တယ်လို့ ရဲဌာနမှ သိရှိခဲ့ရပါတယ်။
Rashida Akbarali က တနလာင်္လာနေ့ညမှာ အသက် ၂၄ နှစ်အရွယ် ချွေးမဖြစ်သူ Salma Makdum နဲ့ သူ့အမေ Shamim Latif Sheikh (၅၄နှစ်)တို့ကို အိပ်ဆေးခတ်ထားတဲ့ အစားအသောက်တွေကို ကျွေးခဲ့ပါတယ်။ အစားအသောက်တွေ စားပြီး နှစ်ယောက်စလုံး အိပ်ပျော်သွားတဲ့အချိန်မှာ Rashida  က ချွန်ထက်တဲ့ လက်နက်တစ်ခုနဲ့ သူတို့နှစ်ယောက်ရဲ့ လည်ပင်းတွေကို ထိုးဖောက်ပြီး နားရွက်တွေကိုလည်း အပိုင်းပိုင်း လှီးဖြတ်ခဲ့ပါတယ်။
 
Rashida က ချွေးမဖြစ်သူနဲ့ သူ့အမေကို သတ်ပြီးတော့ ရဲစခန်းသွားပြီး အကြောင်းကြားခဲ့ပါတယ်။ နောက်ဆက်တွဲ စစ်ဆေးတွေ့ရှိမှုတွေအရ ရဲတွေက သူမကို လူသတ်မှု ပုဒ်မ ၂၀၂ နဲ့ ကြိုတင်ကြံရွယ်ပြီး သေကြောင်းကြံမှု ပုဒ်မ ၃၂၈ နဲ့ဖမ်းဆီးခဲ့ပြီး စွဲချက်တင်ထားပါတယ်။
 
Salma က Rashida ရဲ့ သားဖြစ်သူ Makdum Wasani နဲ့ လွန်ခဲ့တဲ့ ၄ နှစ်က လက်ထပ်ခဲ့ပြီး မကြာခင်က ကလေးတစ်ဦး ရရှိခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံကို ကူညီပေးဖို့အတွက် Salma ရဲ့မိခင်ဖြစ်သူက သူတို့အိမ်ကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ Rashida စိတ်ထဲမှာ သားဖြစ်တဲ့သူက သူ့ထက် ချွေးမကိုပဲ ပိုပြီးဂရုစိုက်နေတယ်လို့ ထင်တဲ့အတွက် အဲ့ဒီအချိန်ကတည်းက ဒေါသထွက်ပြီး စိတ်တိုနေခဲ့တာ ဖြစ်ပါတယ်လို့ သိရပါတယ်။
 
Ref:mid-day
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.