ခန္ဓာကိုယ်ရဲ့ ဝက်ခြံထွက်ရာနေရာတွေက မိမိကျန်းမာရေးအခြေအနေကို ဖော်ပြပေးနိုင်

the-location-of-body-acne-can-reveal-health-problems.jpg

ခန္ဓာကိုယ်အောက်ဘက်ခြမ်း သို့မဟုတ် တင်ပါးဆုံပေါ်ရှိ ဝက်ခြံတွေက တင်းကျပ်လွန်တဲ့ အတွင်းခံတွေ ဝတ်ဆင်ခြင်း သို့မဟုတ် မသင့်တော်တဲ့ နေ့စဉ်ပုံမှန် အစားအစာကြောင့် ဖြစ်ပွားနိုင်ပါတယ်။ ပထမအနေနဲ့ သက်တောင့်သက်သာပိုရှိတဲ့ အတွင်းခံဝတ်ဆင်ဖို့ လိုအပ်ပြီး မပျောက်သေးပါက နေ့စဉ်ပုံမှန်အစားအစာ ပြောင်းလဲစားသုံးဆောင်ဖို့ လိုအပ်ပါတယ်။

မေးစေ့နဲ့ လည်ပင်းပေါ်က ဝက်ခြံတွေဟာ ကျောက်ကပ်အနီးရှိ အဒရီနယ်ဂလင်း adrenal glands တက်ကြွယ်လွန်းခြင်း သို့မဟုတ် သကြားစားသုံးမှု လွန်ကဲခြင်း လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

ပခုံးတဝိုက်ရှိ ဝက်ခြံတွေကတော့ စိတ်ဖိစီးမှုကြောင့် ဖြစ်ပွားတတ်ပါတယ်။

ရင်ဘတ်တွေမှာ ပေါက်တဲ့ ဝက်ခြံက အစားခြေဖျက်မှုပြသနာတချို့ကို ညွန်ပြတာ ဖြစ်နိုင်ပါတယ်။ အအေးခံထားတဲ့ အဖျော်ယမကာ အသောက်များလွန်းခြင်းကလည်း ဒီနေရာမှာ ဝက်ခြံထွက်စေနိုင်ပါတယ်။

ဒီနေရာတွေမှာ ဖြစ်ပွားတတ်တဲ့ ဝက်ခြံတွေက သွေးလည်ပတ်မှု သို့မဟုတ် ဆဲလ်သေတွေ အလွန်အကျွံ ထုတ်လုပ်ခြင်းကြောင့် ဖြစ်တဲ့ keratosis Polaris ရောဂါလက္ခတစ်ရပ် ဖြစ်နိုင်ပါတယ်။ နောက် ခန္ဓာကိုယ် ဗီတာမင်ဓာတ် ချို့တဲ့မှုလက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

ဗိုက်ပေါ်မှာ ဖြစ်ပွားတဲ့ ဝက်ခြံတွေက သွေးထဲ သကြားဓာတ်မညီမျှမှုကို ဖော်ပြပါတယ်။

ပေါင်တွေမှာ ထွက်တဲ့ ဝက်ခြံတွေက ဆပ်ပြာ သို့မဟုတ် လူးရှင်းနဲ့ ဓာတ်မတည့် လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ 

Ref: healthfoodteam 

63 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.