လက်တွဲဖော်နဲ့ TV အတူကြည့်ရှုခံစားတာ အချစ်ရေးဆက်ဆံမှုအတွက် တကယ်ကောင်းကျိုးဖြစ်ပွားစေနိုင်

watching-tv-couple-good-relationship-750x500.jpeg

TV ကြည့်ခြင်းနဲ့ ပတ်သက်လာရင် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေအနေနဲ့ ရီမှုတ်ကို ချ၊ ဆိုဖာပေါ်ကနေ ထသွားဖို့ အကြံပြုကြပါလိမ့်မယ်။ သို့ပေမယ့် သင့်တစ်ယောက်သောသူနဲ့ အတူထိုင်ကြည့်မယ်ဆိုရင် ဒီအလေ့အထက တစ်ခုစုံတစ်ခုအတွက် ကောင်းကျိုးဖြစ်စေနိုင်ကြောင်း သိရပါတယ်။

Journal of Social and Personal Relationships မှာ ဖော်ပြထားတဲ့ လေ့လာမှုတစ်ရပ်က TV အစီအစဉ်၊ စာအုပ်တွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေစတဲ့ မီဒီယာတွေကို အတူကြည့်ရှုခံစားတာက အချစ်ရေးဆက်ဆံမှု ပိုမိုကောင်းမွန်စေနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

စုံတွဲတွေဟာ တူညီတဲ့ မီဒီယာတစ်ခုကို အတူမျှဝေခံစား ကြတဲ့အခါ ရင်းနှီးနီးစပ်မှု ခံစားချက်နဲ့ အချစ်ရေးကိစ္စမှာ တွယ်တာမှု အားပေးမြှင့်တင်ပေးပါတယ်။ စုံတွဲတွေ မိတ်ဆွေအပေါင်းသင်းတွေ မတူကြဘူးဆိုရင် TV အစီအစဉ်ကြည့်ရှုခြင်း သို့မဟုတ် ရုပ်ရှင်ကြည့်တဲ့ညတွေ စီစဉ်ထားခြင်းက လိုအပ်ချက်တွေ ဖြည့်စွက်ပေးနိုင်ပါတယ်။ ဒီလို တီဗီအစီအစဉ်၊ ရုပ်ရှင်တွေ ပုံမှန်ကြည့်ရှုခြင်းက နီးစပ်မှု ခံစားချက်ကို ထိန်းသိမ်းပေးပြီး နှစ်ဦးနှစ်ဖက်ရင်းနှီးတဲ့ မိတ်ဆွေတွေ လစ်လပ်နေခြင်းအတွက် အစားထိုးပေးနိုင်ပါလိမ့်မယ်။ 

Ref: simplemost 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.