သင့် Gmail account လုံလုံခြုံခြုံရှိစေမယ့် နည်းလမ်း

gmail.jpg

Gmail account ကို လုံခြုံစိတ်ချရအောင် စီမံလုပ်ဆောင်ခြင်းက တကယ့်ကို ရိုးရှင်းလွယ်ကူပါတယ်။ Account settings ထဲက authentication feature (စစ်မှန်ကြောင်း အထောက်အထားပြ) ကို အသုံးပြုဖို့ လေးလေးနက်နက် အကြံပြုထားပါတယ်။

တစ်စုံတစ်ယောက်ကနေ သင့် Gmail account ဝင်ရောက်ခဲ့ကြောင်း သံသယရှိပါက account activity ကို စစ်ဆေးပါ။ Inbox ရဲ့ ညာဘက်အောက်ခြေထောင့်မှာ "Last account activity" ဆိုတဲ့ စာကြောင်းတစ်ခု တွေ့ရပါမယ်။

Details ကို နှိပ်ပါ၊ Gmail ကနေ browser၊ time နဲ့ location အပါအဝင် အကောင့်ရဲ့ အသေးစိတ်အချက်အလက်အားလုံးကို ဖော်ပြပေးပါလိမ့်မယ်။ ပုံမှန်မဟုတ်ကြောင်း သတိပြုမိပါက အပေါ်က 'sign out of all other web sessions' ကို နှိပ်ပြီး password ပြောင်းပါ။ လူမှုကွန်ယက်တွေကဲ့သို့ apps နဲ့ websites တို့မှာလည်း သင့် Google account ဝင်ခွင့် လိုအပ်ပါတယ်။ ဒါတွေ စီမံလုပ်ဆောင်ဖို့အတွက် 'https:accounts.google.com' သို့ သွားပြီး Security အောက်က 'Connected Sites and apps' ကို နှိပ်ပါ။

ချိတ်ဆက်ထားတဲ့ services အားလုံးတို့ရဲ့ စာရင်းကို မြင်တွေ့နိုင်ပြီး မလိုအပ်တာတွေကို ဝင်ခွင့် ပြန်လည်ရုတ်သိမ်းနိုင်မှာ ဖြစ်ပါတယ်။ 

Ref: TOI 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.