ထမင်းစားပြီးနောက် ချက်ချင်း မလုပ်သင့်တဲ့ အရာ (၅) ခု

1369377732_59280.jpg

မကြာခဏဆိုသလို ထမင်းစားပြီးနောက် အလိုလို အိပ်ချင်လာကြပါတယ်။ တချို့က မလိုင်၊ ယိုစသော ဌာပနာပါတဲ့ မုန့်ကြွပ်တွေစားရတာ နှစ်သက်သဘောကျပြီး တခြားသူတွေကျတော့ အစာခြေဖျက်မှု အထောက်အကူပြုမယ်အထင်နဲ့ လက်ဖက်ရည်သောက်တာ သဘောကျကြပါတယ်။ ဒီအပြုအမူတွေက ကောင်းကျိုးထက် အန္တရာယ် ပိုဖြစ်စေပါတယ်။

တစ်မှေးအိပ်ခြင်း

ထမင်းစားပြီးပြီးချင်း တစ်မှေးအိပ်ခြင်းက အစာခြေဖျက်မှု လုံးဝ မလုပ်ရသေးတာမို့ သက်သောင့်သက်သာ ဖြစ်စေမှာ မဟုတ်ပါဘူး။

ဆေးလိပ်သောက်ခြင်း

ထမင်းစားပြီးချင်း ဆေးလိပ်သောက်တာ ပုံမှန်အချိန်မှာ ဆေးလိပ် ၁၀ လိပ်သောက်တာနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။

ရေချိုးခြင်း

ထမင်းစားပြီးနောက် ရေချိုးတာ အစာခြေဖျက်မှု နှေးကွေးစေပါတယ်။ ရေချိုးနေစဉ် အစာအိပ်အနှံ့ရှိ သွေးတွေ အစာခြေဖျက်မှု ကူညီမယ့်အစား တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ လည်ပတ်စီးဆင်းပါတယ်။

သစ်သီးဝလံများ

အစားအသောက်တွေ အစာကြေညက်မှုနှုန်း တစ်ခုနဲ့တစ်ခု ကွဲပြားပါတယ်။ သစ်သီးတွေက အစာကြေလွယ်တာမို့ အရင်စားပါ။ သစ်သီးတွေကို ထမင်းမစားခင် ၁ နာရီ သို့မဟုတ် ထမင်းစားပြီးနောက် ၂ နာရီအကြာမှ စားသုံးသင့်ပါတယ်။ ထမင်းစားပြီးပြီးချင်း သစ်သီးစားပါက ကောင်းစွာ ကြေညက်မှာ မဟုတ်ပါဘူး။

လက်ဖက်ရည်

လက်ဖက်ရွက်ဟာ အက်ဆစ်သဘာဝရှိပြီး အစာခြေဖျက်မှုဖြစ်စဉ်ကို ထိခိုက်စေပါလိမ့်မယ်။ ထမင်းထဲမှာ ပရိုတိန်းဓာတ်စားသုံးခဲ့ပါက လက်ဖက်ဆီက အက်စစ်ဟာ ပရိုတိန်းတွေ မာကျောစေပြီး အစာခြေဖျက်မှု အခက်အခဲ ဖြစ်စေပါတယ်။ ထမင်းစားပြီးနောက် ချက်ချင်း လက်ဖက်ရည်သောက်တာက ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူမှု အနှောင့်အယှက် ဖြစ်စေပါလိမ့်မယ်။

Ref: healthxchange

193 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.