လျှာ အပူလောင်တဲ့အခါ ဒီဝေဒနာကို သက်သာသွားအောင် ဘယ်လိုလုပ်မလဲ

burnyourmouthcoffee.jpg

လျှာအပူလောင်တာက စိတ်ကသိကအောက်အဖြစ်ဆုံး ခံစားချက်တွေထဲက တစ်ခုပါဝင်ပါတယ်။ သိပ်ပူလောင်နေတဲ့ စားသောက်ဖွယ်အတွက် အနည်းငယ် စိတ်လှုပ်ရှားနေမှုကြောင့် မကြာခဏ လျှာအပူလောင် ဖြစ်တတ်ကြပါတယ်။

ဒီတော့ လျှာအပူလောင်ပြီးပြီးချင်း နာကျင်မှုဝေဒနာ သက်သာစေမယ့်အရာက ဘာလဲ။ ကုထုံးက သကြား အနည်းငယ်ပါပဲ။ အပူလောင်မှုဖြစ်ပြီးပြီးချင်း လျှာပေါ်သကြားနည်းငယ် ဖြူးကာ ပါးစပ်ထဲ ဝင်ရောက် ပျော်ဝင်စေပါက နာကျင်မှုဝေဒနာ လျှော့နည်းသက်သာပါလိမ့်မယ်။ တကယ်လို့ ပျားရည်ကို လက်လှမ်းမီလို့ ပိုလွယ်ရင် လျှာပေါ်တစ်ဇွန်းလောက်ဆို ဒါလည်း အဆင်ပြေပါလိမ့်မယ်။ ဒီလိုအပူလောင်ခြင်းမျိုးကို သကြား သို့မဟုတ် ပျားရည်က အမြန်ဆုံးဖြေရှင်းပေးနိုင်ပါတယ်။ 

Ref: Shefinds 

47 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.