ဒီနှစ်မှာ ကျရောက်တဲ့ အသက်သုံးဆယ်ပြည့်မွေးနေ့လေးက ဘ၀မှာ ပျော်စရာအကောင်းဆုံးပါလို့ ဖွင့်ဟလာတဲ့ မြင့်မြတ်

13989409_1782735441985366_2113204830_n.jpg

လက်ရှိမှာ အခြားတစ်ဖက်ဆိုတဲ့ ဗီဒီယိုကားလေးကို နန်းမြတ်ဖြိုးသင်း၊ ဆုအိမ့်စံတို့နဲ့အတူပါဝင်သရုပ်ဆောင်နေတဲ့မြင့်မြတ်က သြဂုတ် ၇ရက်နေ့မှာကျရောက်ခဲ့တဲ့ အသက်သုံးဆယ်ပြည့်မွေးနေ့ကို မန္တလေးက သူ့ပရိသတ်များနဲ့ ရေဘေးအတွက်အလှူအတန်းများလုပ်ရင်း ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တယ်လို့သိရပါတယ်။ အသက် သုံးဆယ်ပြည့်လာတဲ့ မြင့်မြတ်က ကိုယ်မသိလိုက်တဲ့ ရင့်ကျက်မှုတွေနဲ့ဖြတ်သန်းလာခဲ့ရင်း လက်ရှိမွေးနေ့လေးကတော့ ဖြတ်သန်းလာခဲ့တဲ့ နှစ် သုံးဆယ်ကာလတစ်လျှောက်မှာ အမှတ်တရအရှိဆုံးလို့လဲသိရပါတယ်။ ဒါကြောင့် အသက်သုံးဆယ်ပြည့်မွေးနေ့ကို ဖြတ်သန်းခဲ့ပုံအကြောင်းကို

"ကျွန်တော့အသက်သုံးဆယ်ပြည့်မွေးနေ့မှာ ရေဘေးကိုသွားမလှူခင် အဖေနဲ့အမေကို သွားကန်တော့ဖြစ်တယ်။ နောက် အမှတ်တရအနေနဲ့ရေဘေးဒုက္ခသည်တွေကိုသွားလှူဖြစ်ခဲ့တယ်။ မိုးတွေကလဲရွာ ပင်ပင်ပန်းပန်းခက်ခက်ခဲခဲနဲ့သွားလှူခဲ့တဲ့ မွေးနေ့လေးဟာအောင်မြင်စွာနဲ့ပဲပြီးဆုံးခဲ့တယ်။ ပြည်မြို့အနီးအနားက တကယ့်ရေကြီးနေတဲ့ ရွာတွေထိသွားလှူခဲ့ပါတယ်။ အဲ့ဒီလိုသွားရောက်လှူဒါန်းခွင့်ရတဲ့အတွက်အရမ်းလဲကျေနပ်ပါတယ်။ ကျွန်တော်ဖြတ်သန်းလာခဲ့တဲ့ မွေးနေ့တွေထဲမှာ ဒီနှစ်ကမှတ်မှတ်ရရ အရှိဆုံးပါပဲ။ နောက် မန္တလေးက ပရိသတ်တွေကလဲ မွေးနေ့လုပ်ပေးကြတယ်။ ပျော်ဖို့ကောင်းတယ်။ ကျွန်တော့်အတွက်အမှတ်တရအနေနဲ့သူတို့လုပ်ပေးတာပေါ့။ အဲ့ဒီတုန်းကလဲ မန္တလေးကပရိသတ်တွေကိုလဲ အမှတ်တရအနေနဲ့ကျေးဇူးတင်ကြောင်းဖုန်းဆက်ပြီးပြောဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့လေးဟာ အမှတ်တရအဖြစ်ဆုံးပါပဲ။ အရင်နှစ်တွေကတော့ ရှုတင်မှာကားရိုက်ရင်းနဲ့ပဲဖြတ်သန်းဖြစ်တာများတယ်။ ဒီနှစ်မှာရတဲ့ မွေးနေ့လက်ဆောင်တွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ကျွန်တော့်ကောင်မလေးဆီကတော့ နာရီလေးရပါတယ်"လို့ ဆိုပါတယ်။

အသက်သုံးဆယ်ပြည့်သွားတဲ့ပြောင်းလဲမှုနဲ့ပတ်သက်ပြီး "ရင့်ကျက်လားဆိုတော့ မပြောတတ်ဘူး။ ဒါပေမဲ့ကိုယ်မသိလိုက်တဲ့ ပြောင်းလဲမှုတွေ၊ ရင့်ကျက်မှုတွေလဲရှိချင်ရှိမှာပေါ့။ အသက်သုံးဆယ်ပြည့်သွားပြီဖြစ်ပေမဲ့ ကျွန်တော့်မင်္ဂလာသတင်းနဲ့ပတ်သက်ပြီးကတော့ နီးရင်ပြောပါ့မယ်"တဲ့။

လက်ရှိမှာရိုက်ကူးဖြစ်နေတဲ့ Other Side ဆိုတဲ့ကားလေးနဲ့ပတ်သက်ပြီး ဒါရိုက်တာက ကိုပေါက်၊ မင်းသမီးက နန်းမြတ်ဖြိုးသင်းနဲ့ဆုအိမ့်စံပါ။ ဒီထဲမှာကျွန်တော်က ရဲတစ်ယောက်အနေနဲ့ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒီကားပြီးရင် မြဗီဒီယိုထုတ်လုပ်ရေးနဲ့ရုပ်ရှင်ကားကြီးရိုက်ဖို့ရှိပါတယ်။ ရန်ကုန်မှာရယ်၊ နယ်မှာရယ်ပေါ့။ ခုနောက်ပိုင်းကတော့ အတတ်နိုင်ဆုံးကာရိုက်တာကို မျှအောင်ဇာတ်ရုပ်စုံအောင်ရွေးချယ်ရိုက်ကူးဖြစ်နေပါတယ်။

အရှေ့ကကားကြီးတွေမှာ အခြောက်ကာရိုက်တာတွေပြန်ရိုက်ဖြစ်ပုံနဲ့ပတ်သက်ပြီး အခြောက်ကာရိုက်တာက မရိုက်တာတော်တော်ကြာခဲ့ပြီဗျ။ ဒါပေမဲ့ ပြန်ရိုက်ဖြစ်တော့လဲ နှစ်ကား၊ သုံးကားဆက်ပြီးရိုက်ဖြစ်တယ်။ ကားကြီးနှစ်ကား၊ ဗီဒီယိုတစ်ကားပေါ့။

ခိုးဆိုးလုနှိုက်ဇာတ်ကားရဲ့ အောင်မြင်မှုနဲ့ပတ်သက်ပြီးတော့လဲ အရမ်းဝမ်းသာပါတယ်။ ကျွန်တော်ကကားကြီးရှားတယ်။ မရှိသလောက်ပဲ။ ဟိုးအရင်ကပဲ ကျောက်စက်ရေတစ်ကားရိုက်တယ်။ တစ်ကျော့ပြန်လည်လာတဲ့ အချိန်မှာ ခိုးဆိုးလုနှိုက်က ကျွန်တော့်ရဲ့ ပထမဆုံးကားကြီးလို့တောင်ပြောလို့ရပါတယ်။ မတင်တာလဲတော်တော်ကိုကြာပြီဆိုတော့လေ။ အဲ့ဒါကြောင့်အားပေးတယ်လို့ထင်ပါတယ်။ လို့မြင့်မြတ်က ပြောပြပေးသွားခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.