“ဓာတ်ဆီဆိုင်မှာ မိုဘိုင်းလ်ဖုန်း သုံးစွဲတာက မတော်တဆထိခိုက်မှု ဖြစ်ပွားစေ” ဆိုတာ အခြေအမြစ်မရှိတဲ့ ယုံတမ်းစကားသာဖြစ်

hose.jpg

နည်းပညာ တိုးတက်မှုနဲ့အတူ မိုဘိုင်းလ်ဖုန်းသုံးစွဲခြင်းက မရှိမဖြစ်လိုအပ်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ လက်ရှိနည်းပညာလောကရဲ့ အနေအထားအရ မိုဘိုင်းလ်ဖုန်းဟာ လူတွေရဲ့မရှိမဖြစ်အစိတ်အပိုင်းတစ်ခုလို့ လူတိုင်းမပြောဆိုနေကြတာ အံ့သြစရာမရှိပါဘူး။ တစ်ချိန်တည်းမှာပဲ ယနေ့ ကမ္ဘာမှာ မော်တော်ကားတွေသုံးစွဲမှုက အဆပေါင်းများစွာ မြင့်တက်လာခဲ့ပါတယ်။ ကျွန်ုပ်တို့နေ့စဉ်ဘဝမှာ ဖြစ်ပျက်နေတဲ့ အဓိကအရာတွေကို ကျွန်ုပ်တို့ သတိမပြုမိတတ်ကြပါဘူး။ ကားဆီထည့်ဖို့ ဆီဆိုင်မကြာခဏ သွားကောင်းသွားပါလိမ့်မယ်။ ဆီဆိုင်အတွင်း မိုဘိုင်းလ်ဖုန်းမသုံးစွဲရ "Don't Use Mobile Phones at Petrol Bunks" သတိပေးချက်ကို သတိပြုမိပါသလား။

ဓာတ်ဆီဆိုင်မှာ မိုဘိုင်းလ်ဖုန်းသုံးစွဲလို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြတဲ့ သတင်းတွေနဲ့ ရင်းနှီးကောင်းရင်းနှီးပါလိမ့်မယ်။ မိုဘိုင်းလ်ဖုန်းတစ်ခုလုံးဆီက လျှပ်စစ်သံလိုက် ရောင်ခြည်ဖြာထွက်မှုက ဓာတ်ဆီငွေ့ကို တိုက်ရိုက်လောင်ကျွမ်းစေဖို့ စွမ်းအင်ပေးနိုင်တယ် သို့မဟုတ် အနီးနားရှိ သတ္တုပစ္စည်းတွေကဆင့် လျှပ်စီးပြီး မီးစတင်လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါပေမယ့် ဓာတ်ဆီဆိုင်မှာ မိုဘိုင်းလ်ဖုန်းသုံးစွဲခြင်းက မတော်တဆမှု ဖြစ်စေတယ်ဆိုတာ အခြေအမြစ်မရှိတဲ့ယုံတမ်းစကားတစ်ခုသာ ဖြစ်ပါတယ်။

ဓာတ်ဆီဆိုင်မှာ ဖုန်းပြောရင် ဘာမှမဖြစ်ပါဘူး။ ကြောက်နေလို့သာ ဖြစ်ပါတယ်။ တကယ်တော့ ဒီလိုမျိုးဖြစ်ဖူးကြောင်း အခိုင်အမာအတည်ပြုထားတဲ့ အဖြစ်အပျက်တစ်ခုမှ မရှိပါဘူး။ မိုဘိုင်းလ်ဖုန်းရဲ့ လျှပ်စစ်သံလိုက်ရောင်ခြည်ထွက်ခြင်းက ထုတ်လုပ်တဲ့ စွမ်းအင်ဟာ ဓာတ်ဆီကို တိုက်ရိုက်လောင်ကျွမ်းစေနိုင်လောက်တဲ့ ပမာဏမဟုတ်ပါဘူး။ မီးညှိထားတဲ့ ဆေးလိပ်ကတောင် ဓာတ်ဆီအခိုးအငွေ့ကို လောင်ကျွမ်းစေနိုင်လောက်တဲ့ အပူမဟုတ်ပါဘူး။ ဓာတ်ဆီရဲ့ လောင်ကျွမ်းအမှတ်က  ၂၀၀ ဒီဂရီစင်တီဂရိတ်အထက်မှာ ရှိပါတယ်။

ဓာတ်ဆီမီလောင်နိုင်ဖို့ မီးတောက် သို့မဟုတ် မီးပွားတစ်ခုခု လိုအပ်ပါတယ်။ မိုဘိုင်းလ်ဖုန်းမှာ ဗို့အားနည်းဘက်ထရီတွေရှိပြီး မီးတောက် သို့မဟုတ် မီးပွား မထုတ်ပေးနိုင်ပါဘူး။ မိုဘိုင်းလ်ဖုန်းတစ်လုံးဟာ ဘက်ထရီချို့ယွင်းသွားမှသာ မီးပွားတွေ ဖြစ်ပွားစေနိုင်ပါတယ်။ ဒီလိုသတိပေးချက်တွေ ထုတ်ပြန်ရခြင်းနောက်ကွယ်က ဖြစ်နိုင်ခြေအကြောင်းအရင်း (၂) ချက် ရှိပါတယ်။

·         မိုဘိုင်းလ်ဖုန်းတွေမှာ အန္တရာယ်ရှိတဲ့ မီးလောင်နိုင်မှုမရှိအောင် လုံခြုံရေးစနစ်တစ်ပါတည်းထည့်သွင်းမထားခြင်း။

·         တစ်ခုခုချို့ယွင်းသွားပါက ဘေးအန္တရာယ်မကင်းခြင်း တို့ကြောင့်ဖြစ်နိုင်ပါတယ်။

သို့သော် ဘေးန္တရာယ်ရှိရှိ၊ မရှိရှိ ဓာတ်ဆီဆိုင်တွေမှာ မိုဘိုင်းလ်ဖုန်းမသုံးတာတော့ ပိုကောင်းပါတယ်။ 

Ref: alltechbuzz 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.