စားသောက်ဆိုင် ၇၀ နဲ့ အခန်းပေါင်း ၁၀,၀၀၀ ပါဝင်မယ့် ကမ္ဘာ့အကြီးဆုံးဟိုတယ်

abraj-kudai-4-biggesthotel0816-750x500.jpg

အခန်းပေါင်း ၁၀,၀၀၀ နဲ့ စာသောက်ဆိုင် ၇၀ ကျော်နဲ့ ဟိုတယ်ကို မျက်စိနဲ့ပြေးမြင်ကြည့်လို့ရပါသလား။ ဒီကမ္ဘာ့အကြီးဆုံးဟိုတယ်ဟာ ဆော်ဒီအာရေဗျနိုင်ငံ မက်ကာမှာ ရှိလာတော့မှာဖြစ်ပြီး $3.5 billion ကုန်ကျမယ်လို့ ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

Saudi Ministry of Finance အပိုင်ဖြစ်တဲ့ ယင်းဟိုတယ်ကို Abraj Kudai လို့ အမည်ပေးထားပြီး အခန်းတွေပါဝင်တဲ့ သီးခြားမျှော်စင် ၁၂ ခုနဲ့ အတန်အသင့်ကျယ်ဝန်းတဲ့ မြို့တွေထက် စားသောက်စရာနေရာတွေ ပိုမိုများပြားမယ် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အံ့သြစရာ မရှိတာက အဲဒီဟိုတယ်မှာ ရဟတ်ယာဉ်ကွင်းတွေပါဝင်မှာ ဖြစ်ပြီး စံနှုန်းပြည့်မီတဲ့ convention center တစ်ခုပါဝင်မယ်လို့ သိရပါတယ်။

အဲဒီဟိုတယ်ရဲ့ "Entire floors" ကို တော်ဝင်တည်းခိုသူဧည့်သည်တွေအတွက် သီးသန့်ထားရှိခြင်းဖြစ်ပါတယ်။ ယင်း Abraj Kudai က အမြင့်ဆုံးမျှော်စင်ထိပ်ဖျားမှာ တည်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး လိပ်ခုံးပုံအမိုးတွေထဲက တစ်ခုဖြစ်လာမှာပါ။

ဒီဟိုတယ်ဟာ အကျယ်အားဖြင့် ၁၅ မီလျှံစတုရန်းပေမက ရှိမှာဖြစ်ပြီး ငွေရေးကြေးရေးကိစ္စတွေက အဲဒီစီမံကိန်းကို ၂၀၁၈ အထိ တွန်းပို့နိုင်ဖွယ်ရှိပေမယ်လို့ ၂၀၁၇ မှာ ဖွင့်လှစ်ဖို့ သတ်မှတ်ထားပါတယ်။ အနည်းဆုံးတော့ ဟိုတယ်မနက်စာဟာ ကြယ်ငါးပွင့်အဆင့်လောက် ရှိမယ်လို့ မျှော်လင့်ရပါတယ်။ 

Ref: Simplemost

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.