Juicy J ကသာ အဲဒီ့အကြောင်းကို သီချင်းတွေဆိုနေသရွေ့ Twerking အကဟန်ကဘယ်တော့မှ သေဆုံးမှာမဟုတ်ပါဘူး။ သူ့ရဲ့နာမည်ကြီးတဲ့ Bounce It သီချင်း remix ဟာ သီချင်းရဲ့အသွင်အပြင်ပြောင်းထားတာတွေကြောင့်ရော မူလ beat ကိုမြူးကြွအောင်လုပ်ထားတာကြောင့်ရောပါ ရှားပါးတန်ဖိုးကြီးတဲ့အရာတစ်ခုဖြစ်လာပါတယ်။ Juicy ဟာ remix ကို version နှစ်မျိုးလုပ်ပြီးထုတ်ခဲ့ပါတယ်။ နှစ်ခုစလုံးကတော့ twerk အကသမားတွေအတွက် ပြီးပြည့်စုံတဲ့ version တွေဖြစ်ပါတယ်။ တစ်မျိုးကတော့ လူအုပ်ထဲမှာ ကတဲ့ electronic စတိုင်လ်ဖြစ်ပြီး နောက်တစ်မျိုးကတော့ မူလ beat ကိုရွှိုင်းထားတဲ့ အစဉ်အလာဆန်ဆန် remix တစ်ခုဖြစ်ပါတယ်။
Wale နေရာမှာ အစားဝင်ထားတဲ့ Wiz Khalifa ကလည်း ဧည့်သည်အဆိုတော်တစ်ယောက်အဖြစ် verse တွေမှာ စွမ်းအားပြည့် ၀င်ဟဲပါတော့တယ်။ groupie ကောင်မလေးတွေက သူနဲ့သူ့ရဲ့မိန်းမနဲ့အတူတူ အိပ်လိုကြတယ်လို့ အဓိပ္ပါယ်ရတဲ့ကြွေးကြော်သံနဲ့ flow ကိုရွတ်ပါတော့တယ်။ Chorus နေရာတွေနဲ့ လိင်အသားပေးဆန်တဲ့ verse တွေမှာတော့ Trey Songz က၀င်ဆိုထားတာဖြစ်ပါတယ်။ Miley Cyrus ကြားရင်တော့ ဂုဏ်ယူမှာပါ။
https://soundcloud.com/juicyjmusic/bounce-it-remix
https://soundcloud.com/juicyjmusic/bounce-it-remix-2-0
Ref:complex