နှုတ်ခမ်းထောင့်စွန်း အက်ကွဲရခြင်းအကြောင်းအရင်း

do-not-play-with-your-life-do-you-have-any-of-these-symptoms-they-hint-something-bad.jpg

မိမိတို့ခန္ဓာကိုယ်မှာ သင့်တင့်လျောက်ပတ်စွာ အလုပ်လုပ် မနေကြောင်း ညွန်ပြတဲ့ နည်းလမ်းတွေရှိပါတယ်။ ဒီရောဂါလက္ခဏာဟာ အန္တရာယ်ရှိဖြစ်စေနိုင်ပြီး တားဆီးမယ့် နည်းလမ်းတွေ ဖော်ပြပေးချင်ပါတယ်။ နှုတ်ခမ်းထောင့်ချိုးအက်ကွဲစေတဲ့ အဓိကအကြောင်းအရင်းတွေကတော့…  

·         ဗီတာမင် B ချို့တဲ့ခြင်း

·         နှုတ်ခမ်းအမြှေးပါးတွေ စားတဲ့ gastric acid ထုတ်လုပ်မှုလွန်ကဲခြင်းနဲ့ ဆက်စပ်တဲ့ အစာအိမ်ရောဂါများ

·         သံဓာတ်ချို့တည့်မှုကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ

·         ခံတွင်းသန့်ရှင်း ကောင်းစွာမရှိခြင်း သို့မဟုတ် သန့်ရှင်းမှုအားနည်းခြင်း

·         ကိုယ်ခံအား အားနည်းခြင်း

·         ဆီးချိုရောဂါ

·         စကားပြောနေစဉ် လျှာနဲ့ နှုတ်ခမ်းတွေ စိုအောင် ပြောသူတွေမှာ ဖြစ်ပွားလေ့ရှိပါတယ်။

ဒီရောဂါလက္ခဏာက zinc နဲ့ B vitamin (B3, B2 and B12) ချို့တဲ့မှု လက္ခဏာတစ်ခုဖြစ်ပါတယ်။

ဖြေရှင်းနည်း – တို့ဟူး၊ ဒိန်ချဉ်၊ ဟင်းနုနွယ်၊ မြေပဲ၊ တရုတ်ဆီးသီး၊ ကညွတ်၊ အစေ့နဲ့ပဲထောင့်ရည်မျိုးတွေ ပိုစားပေးပါ။ နောက် သံဓာတ်စုပ်ယူမှုပိုမိုကောင်းမွန်အောင် နေ့စဉ်ပုံမှန်အစားအစာထဲ ပန်းဂေါ်ဖီစိမ်းနဲ့ ကိုက်လန်တို့လည်း ထည့်သွင်းသင့်ပါတယ်။

နောက် နှုတ်ခမ်းထောင့်စွန်း အက်ကွဲစေတဲ့အကြောင်းအရင်းတစ်ခုက အလှပြင်ပစ္စည်းတွေမှာ တွေ့ရတဲ့ ပါဝင်ပစ္စည်းတွေကြောင့် ဖြစ်တဲ့ ဓာတ်မတည့်မှုတွေ ဖြစ်နိုင်ပါတယ်။

Ref: HFT 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.