ဆံပင်ပါးသူတွေ ဆံပင်ပိုထူစေမယ့် နည်းလမ်း

thin-thick-hair-magic-grow-hair-fast-3-ingredients.jpg

လှပသန်စွမ်းတဲ့ ဆံကေသာပိုင်ဆိုင်ဖို့ အမျိုးသမီးတိုင်း အိပ်မက်မက်ကြပါတယ်။ တကယ်တော့ သင့်ဆံပင်ဟာ တစ်လ လက်မဝက်ခန့် ကြီးထွားနေတာပါ။ ဒါပေမယ့် ဆံပင်ကြီးထွားမှုနဲ့ ဖွဲ့စည်းမှုပုံစံက ပတ်ဝန်းကျင်အကြောင်းခံတွေနဲ့ ဗီဇအပါအဝင် များစွာသောအချက်တွေပေါ် မူတည်ပါတယ်။ သင့်ဆံပင်ဟာ သင့်ပုံမှန်စားသုံးတဲ့ အလေ့အကျင့်တိုင်း သန်စွမ်းမှုရှိပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတတဲ့ ပုံမှန်အစားအသောက်က ရှည်လျားပြီး ပိုးသားလို နူးညံ့ပျော့ပြောင်းတဲ့ဆံကေသာအတွက် အဓိကဖြစ်ပါတယ်။

ဒီဆေးနည်းက သင့်ဆံပင်ပိုမိုထူထပ်စေမယ့် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ဆံပင်ပိုထူစေမယ့် ဆေးနည်း

လိုအပ်တဲ့ပစ္စည်းများ

ကြက်ဆူဆီ ထမင်းစားဇွန်း (၂) ဇွန်း

ကြက်ဥ အနှစ် (၁) လုံး

ပျားရည် ထမင်းစားဇွန်း (၁) ဇွန်း

ပါဝင်ပစ္စည်းအားလုံး အတူရောစပ်ပါ။ အဲဒီအရောအနှောနဲ့ ဆံပင်အမြစ်တွေ နှိပ်နယ်ပေးပြီး ကျန်တာနဲ့ ဆံပင်လိမ်းကျံပြီး ဦးထုပ် သို့မဟုတ် ပလတ်စတစ်အိတ်လေးနဲ့ အုပ်ပေးရပါမယ်။ အဲဒီတိုင်း ၂- ၄ နာရီကြာ ထားပြီးနောက် ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေးနဲ့ ဆေးကြောသန့်စင်ပေးပါ။ ဒီနည်းလမ်းအတိုင်း တစ်ပတ် ၁-၂ ကြိမ် နှစ်လ လုပ်ပေးရပါမယ်။ 

Ref: HFH 

145 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.