အားပြည့်သွားရင် ဖုန်းကို လေပေါ်မှာ မြောက်တက်နေစေမယ့် ဖုန်းအားသွင်းစက်

gallery-1470229455-gallery-1469798744-floater.jpg
သင်ဟာ ဖုန်းအားသွင်းထားပြီး တစ်ညလုံး စိတ်ချလက်ချ မအိပ်ရတဲ့ ညတွေကို ပြီးဆုံးစေချင်နေပြီလား။ OvRcharge ဆိုတဲ့ ကိရိယာ တစ်မျိုးဟာ Kickstarter ကနေ တဆင့် အောင်မြင်မှုတွေရရှိလာပါပြီ။ ဒီ OvRcharge ဆိုတဲ့ ဖုန်းအားသွင်းစက်ရဲ့  အလုပ်လုပ်ပုံစနစ်ကတော့ အဓိက ထူးခြားချက် ၂ခုပါဝင်ပါတယ်။ အဲဒါတွေကတော့ လျှပ်စီးကြောင်းကို ဖုံးကွယ်မြှပ်နှံထားတဲ့ သစ်သားအခြေခံ အားသွင်းအထိုင်စက်နဲ့ သံလိုက်စက်ကွင်းထည့်သွင်းထားတဲ့ ဖုန်းကာဗာ တို့ပဲ ဖြစ်ပါတယ်။
 
အဲဒီ လုပ်ဆောင်ချက်တွေရဲ့  စိတ်ဝင်စားဖို့ အကောင်းဆုံးအပိုင်းက ဖုန်းအားသွင်းထားပြီး အားပြည့်သွားတဲ့အခါမှာ အားသွင်းမှုဟာ အလိုလျောက် ရပ်တောက်သွားမှာဖြစ်ပြီး အားသွင်းထားတဲ့ ဖုန်းဟာ လေပေါ်မှာ မြောက်တက်လာကာ ဖြည်းဖြည်းချင်း လည်နေမယ့် မြင်ကွင်းပါ။ 
 
ဒေါ်လာ ၁၅၀ ခန့်တန်ဖိုးရှိတဲ့ OvRcharge အားသွင်းစက်တွေဟာ ဖုန်းကာဗာနဲ့ တွဲဖက်ထားတာဖို့ ဖုန်းတစ်လုံးချင်း မော်ဒယ်လ် အလိုက်ပဲ အသုံးပြုနိုင်မှာပါ။ လောလောဆယ်တော့ ဒီ အားသွင်းစက်ကို ဒီဇိုင်းရေးဆွဲခဲ့တဲ့ AR Design က ဖော်ပြထားတာကတော့ Apple နဲ့ Samsung ဖုန်းတွေနဲ့ ပဲ တွဲဖက် အသုံးပြုနိုင်သေးတယ်လို့ သိရပါတယ်။
 
Ref:cosmopolitan
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.