The Joker ဇာတ်ကောင်ရဲ့  မူလ သရုပ်ဆောင်ဟာင်း Heath Ledger နဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်များ

980x.jpg
DC Comic ကတင်ဆက်တဲ့ ဇာတ်လမ်းတွေထဲမှာ နာမည်အကြီးဆုံး စူပါဗီလိန် တစ်ယောက် ဖြစ်တဲ့ The Joker ဆိုတဲ့ ဇာတ်ကောင်ကို ဗီလိန်အသားပေး ဇာတ်လမ်းဖြစ်တဲ့ "Suicide Squad" ထဲမှာတော့ အဆိုတော်နဲ့ သရုပ်ဆောင် Jared Leto က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါပေမယ့်လည်း The Joker နေရာ မှာ နောက်ဆုံးအကြိမ်တုန်းက သရုပ်ဆောင်ခဲ့တဲ့ Heath Ledger အကြောင်းတွေကိုတော့ မေ့ထားလို့ မရနိုင်ပါဘူး။
 
Jared Leto သရုပ်ဆောင်ထားမှုဟာ Ledger နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အပြစ်ပြောစရာတော့မရှိပါဘူး။ ဒါပေမယ့်လည်း ဒီ ဇာတ်ကောင်ရဲ့  သရုပ်ဆောင်ပီပြင်မှု အတွက် ဘယ်သူက ဘယ်လို ကြိုးစားခဲ့တယ်ဆိုတဲ့ အပိုင်းမှာတော့ ကွာခြားမှုတွေရှိခဲ့ပါတယ်။ Heath Ledger သရုပ်ဆောင်ခဲ့ရတဲ့ The Joker ဇာတ်ကောင်ရဲ့  ဇာတ်လမ်းအနေအထားတွေအားလုံးဟာ  ဘယ်ခြိမ်းခြောက်မှုမျိုးကို မှမကြောက်တဲ့ ကြောက်စရာအကောင်းဆုံး ရာဇ၀တ်သား တစ်ယောက် ၊ အဓိက ဇာတ်ကောင် Batman ကို လုံးဝမမျှတတဲ့ အခြေအနေတွေရောက်အောင် ဖန်တီးခဲ့ရတဲ့ စူပါဗီလိန် အနေအထားတွေပါ။
 
ဒါကြောင့် ကွယ်လွန်သွားပြီဖြစ်တဲ့ Heath Ledger တစ်ယောက် The Joker ဇာတ်ကောင် အဖြစ် သရုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး သင် သတိမထားမိခဲ့တဲ့ အချက်လေး တွေကိုဖော်ပြ ပေးလိုက်ပါတယ်။
 
၁။ နာမည်
 
Heath Ledger ရဲ့  နာမည်ဟာ ဂန္တ၀င် ၀ထ္ထု တစ်အုပ်ဖြစ်တဲ့ "Wuthering Heights" ဆိုတဲ့စာအုပ်ထဲက အဓိက သရုပ်ဆောင် Heathcliff ရဲ့  နာမည်ကို အခြေခံပြီး မှည့်ခေါ်ခဲ့တာဖြစ်ပါတယ်။ အဲဒီ ဇာတ်ကောင် ဟာလည်း The Joker လိုပဲ ကြောက်စရာကောင်းတဲ့ ဗီလိန်တစ်ယောက်ဖြစ်နေပြန်ပါတယ်။
 
၂။ Why So Serious
 
Ledger ဟာ The Joker ဇာတ်ကောင်ရဲ့  သရုပ်ဆောင်မှု စိတ်ခံစားချက်တွေကို ရရှိနိုင်ဖို့အတွက် သူ့ကိုယ်သူ ဟိုတယ်အခန်းထဲမှာ ၆ ပတ်တိတိ တံခါးပိတ်ထားခဲ့တာပါ။ သူဟာ The Joker ဇာတ်ကောင်ရဲ့  တွေးခေါ်ပုံတွေပါ လိုချင်ခဲ့တဲ့အတွက် အဲဒီလောက်အထိ ကြိုတင် ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။
 
၃။ ဇာတ်ကောင် ဖြစ်လာပုံ
 
Ledger ဟာ Batman ဇာတ်လမ်းတွေရဲ့  ဒါရိုက်တာ Christopher Nolan ကို စတင်ချဉ်းကပ်ခဲ့စဉ်တုန်းက Bruce Wayne(Batman) ဇာတ်ကောင်နေရာကို သရုပ်ဆောင်ဖို့အတွက်ပါ။ ဒါပေမယ့်လည်း Christopher Nolan က သူ့ကို Bruce Wayne(Batman) ဇာတ်ကောင်နဲ့ အဆင်မပြေဘူးလို့ ပြောတဲ့အခါမှာတော့ သူဟာ The Joker ဇာတ်ကောင်ကို သရုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
 
၎။ ဒုတိယမြောက်စိတ်ဝင်စားခြင်းခံရသူ
 
Ledger ဟာ The Joker နေရာကို သရုပ်ဆောင်ဖို့ Christopher Lolan ရဲ့  ပထမဆုံး ကမ်းလှမ်းမှုကို ရရှိခဲ့သူမဟုတ်ပါဘူး။ Nolan ဟာ The Joker ဇာတ်ကောင်အတွက် Sean Penn ကို အရင်ဆုံး ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Sean Penn ဟာ ၁၉၈၉ခုနှစ်က ထွက်ရှိခဲ့တဲ့ Batman ဇာတ်လမ်းထဲမှာ The Joker အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Jack Nicholson ရဲ့  လေးစားမှု နဲ့ မထိုက်တန်ခဲ့တာကြောင့် ကမ်းလှမ်းမှုကို ပယ်ဖျက်ခဲ့တာပါ။
 
၅။ ဝေဖန်မှုများ
 
Ledger ကို The Joker အဖြစ် သရုပ်ဆောင်ဖို့ ရွေးချယ်လိုက်တဲ့အခါမှာတော့ ဒါရိုက်တာ Christopher Nolan ဟာ ဝေဖန်မှုတွေများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက Ledger ဟာ The Joker ဇာတ်ကောင်ကို သရုပ်ဆောင်ဖို့အတွက် အရမ်း ငယ်နေသေးလို့ပါ။ ဒါပေမယ့်လည်း Nolan က Ledger ကာကွယ်ပေးခဲ့ပါတယ်။ Nolan ကာကွယ်ပြောကြားခဲ့ဖူးတဲ့ စကားတစ်ခွန်းကတော့ "Ledger ရဲ့  အကောင်းဆုံးအရည်အချင်းက အကြောက်တရားမရှိတာပဲ" ဆိုတာပါ။
 
၆။ လျှာသပ်တဲ့ အကျင့်
 
"The Dark Knight" ဇာတ်လမ်းထဲမှာဆိုရင် The Joker ဇာတ်ကောင်ဟာ ခဏခဏ လျှာသပ်နေတတ်တဲ့ပုံကို မြင်ဖူးကြမှာပါ။ အဲဒါဟာ The Joker ဇာတ်ကောင်ရဲ့  အမူအကျင့်ထဲမှာ မပါပါဘူး။ Ledger ရဲ့  အမူအကျင့်တစ်ခုပါ။ သူက ဇာတ်ကောင်ရဲ့  ခံစားမှုမျိုးကို ပိုမိုပီပြင်ဖို့ အဲဒီအမူအကျင့်ကိုပါ အသုံးပြုခဲ့တာဖြစ်ပါတယ်။
 
၇။ သေမှရတဲ့ အော်စကာဆု 
 
Ledger ဟာ The Joker ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့တဲ့အတွက် မူးယစ်ဆေး လွန်ကဲစွာအသုံးပြုမှုကြောင့်သေဆုံးပြီးတစ်နှစ်ခန့်အကြာ ၂၀၀၉ ခုနှစ်မှာ အော်စကာဆုကို ရရှိခဲ့ပါတယ်။ 
 
Ref:starpulse
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.