နှုတ်ခမ်းနီစွန်းထင်း အဝတ်အစားတွေ ဖြေရှင်းတော့မယ်ဆိုရင်

lipstainclothing.jpg

နှုတ်ခမ်းနီအစွန်းအထင်းတွေကို စစဖြစ်ချင်း ရှင်းလင်းတာ အကောင်းဆုံးပါပဲ။ နှုတ်ခမ်းနီတွေဟာ များသောအားဖြင့် အဆီ/ ဖယောင်းလိုပါဝင်ပစ္စည်းနဲ့ ဆိုးဆေးဖြင့် ပြုလုပ်ထားတော့ အဲဒီဆီတွေ ဖယ်ရှားနိုင်တဲ့ အစွန်းအထင်းချွတ်ဆေးတစ်ခုခု လိုအပ်ပါတယ်။ သင့်တော်တဲ့ပစ္စည်းတွေရှိပါက ဒါတွေက အကောင်းဆုံးနည်းလမ်းတွေပါပဲ။

အရက်ပြန် (rubbing alcohol)

ဂွမ်းဖတ်လေးတစ်ခုယူပြီး အရက်ပြန်စွတ်ပေးရပါမယ်။ အစွန်းအထင်းဖြစ်ရာကို ညင်သာစွာ တို့တို့ပေးပါ။ အစွန်းအထင်း အများစု ဖယ်ရှားပေးပါလိမ့်မယ်။ ဖြစ်နိုင်ရင် အမြန်ဆုံးလျှော်ဖွပ်ပေးပါ။

ဆံပင်ပုံသွင်းဆေး (hairspray)

ဆံပင်ပုံသွင်းဆေးတွေမှာ အရက်ပြန်ပါဝင်တော့ ပြောင်အောင်တိုက်ချွတ်ပေးတဲ့ အရက်ပြန် (rubbing alcohol) အဖြစ် အသုံးပြုနိုင်ပါတယ်။ နှုတ်ခမ်းနီစွန်းထင်းရာကို ဆံပင်ပုံသွင်းဆေး ဖျန်းပြီး ၁၀-၁၅ မိနစ်ထားပါ။ ပြီးနောက် ရေနွေးဖြင့်စိမ်ထားတဲ့ အဝတ်သန့်သန့်လေးတစ်ခုနဲ့  သုတ်ပေးရပါမယ်။ နဂိုလျှော်နေကျအတိုင်း လျှော်ပေးပါ။

ပန်းကန်ဆေး ဆပ်ပြာ

ပန်းကန်ဆေးဆပ်ပြာကို ဆီတွေ ပေကျံနေတဲ့ ဒယ်အိုးနဲ့ ပန်းကန်တွေ သန့်စင်ဖို့ ပြုလုပ်ထားတာပါ။ ဒီတော့ ဆီများတဲ့ နှုတ်ခမ်းနီစွန်းထင်းမှုမှာ အသုံးတည့်တာ ယုတ္တိတန်ပါတယ်။ အစွန်းအထင်းကို ပန်းကန်ဆေးဆပ်ပြာရည် ဖုံးပေးရုံသာ ဖြစ်ပါတယ်။ ရေနွေးနဲ့ တိုက်ချွတ် သို့မဟုတ် အဝတ်လျှော်စက်ထဲ ပစ်ထည့်လိုက် ရုံပါပဲ။ 

Ref: Shefinds 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.