နိုဝင်ဘာလ ၂၂ရက်နေ့ထုတ် Rolling Stone မဂ္ဂဇင်းမျက်နှာဖုံးမှာ Eminemပါလာပါတယ်။ တီရှပ်အဖြူရောင် ဗြောင်လေးနဲ့ Adidas ဂျက်ကတ်အနက်ရောင် ၀တ်လို့ပေါ့။ စတူဒီယိုကက်ဆက်ကို လက်တစ်ဖက်မှာကိုင် နောက်တစ်ဘက်က ကင်မရာကို လက်ညှိုးထိုးပြီး ပို့စ်လုပ်ထားပါတယ်။ မျက်နှာဖုံးအညွှန်းမှာ Eminem Reborn ဆိုပြီးတော့ ရေးထားတယ်။
Eminemဟာ သူ့ရဲ့ခုနောက်ပိုင်း စိတ်ရင်းတွေနဲ့ သူ့အပေါ် ဟစ်ပ်ဟော့ပ်ရဲ့ သက်ရောက်မှု အကြောင်းတွေကို နိုဝင်ဘာလ၂၂ရက်ထုတ် Rolling Stone မဂ္ဂဇင်းထဲမှာ ပြောသွားခဲ့ပါတယ်။
“တတ်နိုင်သလောက် ပျော်ပျော်နေပါတယ်။ ဟစ်ပ်ဟော့ပ်က ကျွန်တော့်ဘ၀ကို ကယ်တင်ခဲ့တာပါပဲ ကိုယ့်လူ။ ကျွန်တော်နဲ့ အဆင်ပြေတာဆိုလို့ ဟစ်ဟော့ပ်ပဲရှိတယ်။ ဟစ်ပ်ဟော့ပ်ကလွဲလို့ တခြားလည်း မလုပ်တတ်ဘူး။ ဒါကိုဘယ်လို ခေါ်ကြမလဲ။ အရူးပညာရှိ လို့ခေါ်ကြမလား။” လို့ Eminem က အင်တာဗျူးမှာပြောပါတယ်။
ဟစ်ပ်ဟော့ပ်ရဲ့ လွှမ်းမိုးမှုနဲ့ပတ်သက်ပြီး “ဟစ်ပ်ဟော့ပ် ကျောင်းသားတစ်ယောက်ဖြစ်လာတဲ့အခါ နေရာတော်တော်များများကနေ ပညာရပ်ပိုင်းဆိုင်ရာ အမြင်တွေရတယ်။ Big Daddy Kane ဒါမှမဟုတ် G Rap တို့ဆီက ကာရန်ပုံစံ၊ ဖလိုးတွေ ရကောင်းရနိုင်တယ်။ Tupacကိုကြည့်ပြန်တော့ သူကသီချင်းတွေအများကြီး လုပ်ခဲ့တယ်။ သူ့သီချင်းအမိုက်စားကြီးတွေနားထောင်လိုက်ရင် တစ်ခုခုကို ခံစားသွားရတယ်။ အောင်မလေးလေး။ Tupac ရဲ့ CDကိုဖွင့်နားထောင်လိုက်တာနဲ့ တစ်ယောက်ယောက်ကို ဆွဲထိုးချင်စိတ်ပေါက်လာတယ်။ Biggie ကတော့ ဇာတ်လမ်းတွေပြောခဲ့တယ်။ သူ့ပြောပြခဲ့တဲ့ ဇာတ်လမ်းတွေထဲကအတိုင်း လိုက်လုပ်ချင်မိခဲ့တယ်။” လို့ Eminemက ပြောသွားပါတယ်။
နိုဝင်ဘာလ ၄ရက်နေ့တုန်းက လုပ်ခဲ့တဲ့ အင်တာဗျူးမှာ Eminemက သူ့ရဲ့ သီချင်းစာသားတွေနဲ့ မိန်းမလိုမိန်းမရ ရိုင်းပြတဲ့သူတွေနဲ့ပတ်သက်တဲ့ ဘာသာစကားအသုံးတွေ အကြောင်း ဝေဖန်မှုကို ဆွေးနွေးသွားခဲ့ပါသေးတယ်။
Ref:hiphopdx