ပေါ်မလာတဲ့ ချစ်သူကို လေဆိပ်မှာ ၁၀ ရက်တိတိ ထိုင်စောင့်ရင်း ဆေးရုံတင်လိုက်ရတဲ့ အမျိုးသား

landscape-1470152218-love.jpg
တရုတ်ပြည်အခြေစိုက် CCTV သတင်းဌာနရဲ့  ဖော်ပြချက်တစ်ခုအရ အသက် ၄၁ နှစ်အရွယ် ရှိတဲ့ Alexander Pieter Cirk ဆိုသူ အမျိုးသား တစ်ဦးဟာ သူနဲ့ အွန်လိုင်းပေါ်မှာ တွေ့ဆုံချစ်ကြိုက်ခဲ့တာ ၂ လ ခန့်ရှိပြီဖြစ်တဲ့ သူ့ရဲ့  အွန်လိုင်းချစ်သူ ကောင်မလေးကို  တွေ့ဆုံဖို့အတွက် နယ်သာလန် နိုင်ငံကနေ တရုတ် နိုင်ငံ အထိ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
 
Cirk တစ်ယောက် တရုတ်နိုင်ငံ လေဆိပ်ကို ရောက်တဲ့အခါမှာတော့ သူ့ကောင်မလေးဟာ ရောက်မလာခဲ့ပါဘူး။ သူ့ကို လာကြိုမှာပဲဆိုတဲ့ အတွေးနဲ့ Cirk ဟာ စောင့်ရင်း ၊ စောင့်ရင်း နဲ့ပဲ ၁၀ ရက်မြောက် ကြာလွန်ခဲ့တဲ့နေ့မှာတော့ သူ့ကို ဆေးရုံကို ပို့ဆောင်လိုက်ရပါတယ်။ သူ့ရဲ့  အွန်လိုင်းချစ်သူကောင်မလေးဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် Zhang ဆိုသူ ကောင်မလေးကတော့ Cirk ရဲ့  အကြောင်း သတင်းဖော်ပြမှုတွေတွေ့တဲ့ အခါမှသာ ပြန်လည်ဆက်သွယ်လာခဲ့တာ ဖြစ်ပါတယ်။
 
သူမရဲ့  ပြောကြားချက်အရတော့ Cirk ဟာ မိုင်းပေါင်း ၂၅၀၀ ကျော်လောက်ကို ဖြတ်သန်းခရီးနှင်ပြီး သူမ ဆီလာမယ်ဆိုတဲ့ စကားကို ဟာသလို့ထင်ခဲ့မိတာကြောင့် အခြား မြို့တစ်မြို့မှာ ပလတ်စတစ်ဆာဂျရီ သွားလုပ်နေခဲ့ပြီး Cirk ဆီရောက်မလာခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောပြလာပါတယ်။
 
Mashable သတင်းဌာနရဲ့  ဖော်ပြချက်အရတော့ Zhang ဟာ Cirk နဲ့ အချစ်ရေးကို ပြန်လည် အဆင်ပြေလာစေဖို့ ကြိုးစားနေပြီး Cirk ကတော့ ချစ်သူကို လေဆိပ်မှာ ၁၀ ရက်တိတိ ထိုင်စောင့်ရင်း ဆေးရုံတက်လိုက်ရတဲ့ ကောင်လေးအဖြစ် အင်တာနက်မှာ နာမည်ကြီးနေပါတော့တယ်။
 
Ref:cosmopolitan
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.