ဆံပင်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေနိုင်တဲ့ ညအချိန် အလေ့အကျင့်များ

08-nighttime-habits-great-skin-sleeping-on-back.jpg

ဆံပင်ပျက်စီးမှုက အကြောင်းအရင်း အမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။ အဖြစ်များဆုံးတချို့မှာ အာဟာရချို့တဲ့ခြင်း၊ ဆံပင်ပုံမှန် ထိန်းသိမ်းမှုမရှိခြင်း၊ ဆံပင်ကျွတ်စေနိုင်တဲ့ ရောဂါတွေ၊ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုး စတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဆံပင်ပျက်စီး ထိခိုက်စေနိုင်တဲ့ အကျင့်စရိုက်တွေ အထူးသဖြင့် ညအိပ်နေစဉ် အလေ့အထ တွေ ရှိပါတယ်။

၁။ ဆံပင်ရေစိုနဲ့ ညအိပ်ခြင်း

ရေစိုတဲ့ဆံပင်ဟာ အရမ်းပျက်လွယ်ပြီး ခေါင်းအုံးနဲ့ အမြဲပွတ်မိနေခြင်းက ဦးရေပြားကနေ အစိုဓာတ်တွေ ကုန်ခန်းစေနိုင်တာကြောင့် ဆံပင်စိုစိုနဲ့ ညအိပ်ခြင်းက ဆံပင်ကျွတ်စေနိုင်ပါတယ်။

၂။ ခေါင်းမဖြီးခြင်း

ဆံပင် ရှုပ်ပွခြင်းနဲ့ အဖျားနှစ်ခွကွဲမှု ကင်းဝေးစေချင်ရင် ညမအိပ်ခင် ခေါင်းဖြီးသင့်ပါတယ်။ ဘီးနဲ့ အနည်းငယ် ညင်သာစွာ ဖြီးပေးလိုက်ရုံပါပဲ။

၃။ ဆံပင် တင်းတင်းစုချည်ထားခြင်း

ညအချိန် နောက်စေ့နားမှာ ဆံပင်တွေ တင်းတင်းစုချည်ထားပါက ဆံပင်တွေ အမြစ်ကနေ ကျိုးပျက်ပြီး ဆံပင်ကျွတ်နိုင်ခြေရှိပါတယ်။

၎။ သားရေကွင်း တင်းတင်းစည်းထားခြင်း

တင်းနေတဲ့ ညှပ်ကလစ်တွေ သို့မဟုတ် ဆံပင်စည်းကြိုးတွေ တစ်ညလုံး စည်းထားခြင်းက ဆံပင်ကို အကြီးအကျယ် ပျက်စီးစေနိုင်ပါတယ်။ ညမှာ ကျစ်ဆံမြီး မတင်းမရင်းလေး ကျစ် သို့မဟုတ် လွတ်လွတ်လပ်လပ်လေးထားပါ။

၅။ ဆံပင်အလှကုန်ပစ္စည်းတွေလိမ်း အိပ်ခြင်း

မကြာမကြာ အချိန်မရလို့ လူတွေဟာ ခေါင်းလျှော်ပြီး ခြောက်အောင်မှုတ်ဖို့ မေ့ထားပြီး serum၊ gel တို့လို ဆံပင်ပျက်စီးစေနိုင်တဲ့ ဆံပင်အလှပြင်သုံးပစ္စည်းတွေ လိမ်းထားတတ်ကြပါတယ်။

၆။ ချည်ထည်ခေါင်းအုံးစွပ် အသုံးပြုခြင်း

ချည်ထည်က သိပ်အဆင်မပြေပါဘူး။ ချည်ထည်ခေါင်းအုံးစွပ်တွေ သုံးတဲ့အခါ အမြဲပွတ်မိခြင်းက ဆံပင် ခြောက်သွေ့ပြီး အလွယ်တကူပျက်စီးစေနိုင်ပါတယ်။ အဲဒီအစား ပိုးသားခေါင်းအုံးစွပ်တွေ ပြောင်းသုံးနိုင်ပါတယ်။

၇။ ခေါင်းအုံးစွပ် မကြာခဏ လျှော်ဖွပ်မှုမရှိခြင်း

ခေါင်းအုံးစွပ်တစ်ခုတည်းကိုပဲ အချိန်ကြာမြင့်စွာ ပြန်ပြန်သုံးတာက ဆံပင်မှာ မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးတွေ ပေါက်ဖွားပြီး ဗောက်ထခြင်း၊ ဆံပင်ကျွတ်ခြင်းစတဲ့ ပြသနာတွေ ဖြစ်ပွားစေနိုင်ပါတယ်။ 

Ref: MSN 

120 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.