ပြတ်ဆဲပြီးသွားတဲ့ ရည်းစားဟောင်းနဲ့ သူငယ်ချင်းလို ဆက်ပြီးပေါင်းသင်းနေတဲ့သူတွေဟာ စိတ်ရောဂါဝေဒနာရှင်တွေ ဖြစ်ဟု လေ့လာမှုအရ သိရ

curse_1.jpg

အချစ်ရေးကို ရပ်တန့်ပြတ်ဆဲလိုက်ပြီး သူငယ်ချင်းတွေလို ဆက်နေကြတယ်ဆိုတဲ့ စကားကို ကျွန်ုပ်တို့ ကြားဖူးခဲ့ကြပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးတွေကို ဘယ်လိုများဆက်ပြီး ပေါင်းသင်းနေကြသလဲဆိုပြီး အံ့သြခဲ့ရဖူးပါလိမ့်မယ်။ ခုလို ပြတ်ဆဲပြီးသွားတဲ့ ရည်းစားဟောင်းနဲ့ သူငယ်ချင်းလို ဆက်လက်ပေါင်းသင်းနေကြတဲ့ သူတွေဟာ သာမာန်လူတွေတော့ မဟုတ်ဘူးလို့ စိတ်ဝေဒနာပညာရှင်တွေက အဖြေထုတ်ပေးခဲ့ကြပါတယ်။

မကြာသေးခင်က Oakland တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ဒီလေ့လာမှုအတွက် အဖြေထုတ်ခဲ့ကြပြီး ခုလို လုပ်ဆောင်သူတွေဟာ စိတ်ဝေဒနာသည်တွေ ဒါမှမဟုတ် အတ္တသိပ်ကြီးတဲ့သူတွေ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဒီလို အခြေအနေကို ဆက်ပြီးထိန်းသိမ်းထားချင်တာကလည်း အကြောင်းအရင်း အများကြီး သိပ်မရှိပဲ လိင်ဆက်ဆံရေးအတွက် အဆင်ပြေစေဖို့နဲ့ သူတို့ရဲ့ရည်းစားဟောင်းကို တစ်နည်းနည်းနဲ့အသုံးချစရာ ရှိတာကြောင့်လို့ ဆက်လက် ပြောပြပေးသွားပါတယ်။

အတ္တကြီးတဲ့သူတွေကျတော့လည်း သူတို့ဘေးနား အမြဲရှိနေတဲ့သူ ချက်ချင်းပျောက်သွားမှာကို မလိုလားပဲ အဲ့ဒီလူတွေကို သူတို့ရဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းထဲ ဆက်ပြီးအတင်းထည့်သွင်းထားချင်ကြတာမျိုးပါ။ သူတို့ ဖြစ်ချင်ကြတာက ငါတို့ဟာ ပြတ်ဆဲသွားပြီးကြသည့်တိုင် သူငယ်ချင်းလိုပဲ ဆက်နေနိုင်ကြတယ်ဆိုပြီး အားလုံးကို ပြသချင်ကြတာမျိုးပေါ့။ ဒါ့အပြင် လေ့လာချက်အရ သိရတာက ဒီလိုလူမျိုးတွေဟာ အကြောင်းတစ်ခုခုကြောင့် တိုက်ဆိုင်လာရင်လည်း ဒါ ငါ့ရည်းစားဟောင်းလေ ဆိုပြီး ထုတ်ပြောဖို့ ၀န်မလေးကြပါဘူးတဲ့။

စိတ်ဝေဒနာသည်တွေ၊ အတ္တသိပ်ကြီးတဲ့ ဒီလူတွေဟာ သူတို့ရည်းစားဟောင်း နောက်တစ်ယောက်နဲ့ အတူရှိနေတာမျိုးကိုတော့ သဘောမကျနိုင်ကြပါဘူး။ အဲ့ဒီအချိန်မျိုးမှာ သူတို့ဘ၀တွေကို ဘယ်လိုထိန်းချုပ်နိုင်မလဲဆိုတာကိုလည်း အပြင်းအထန် စဉ်းစားတတ်ကြပြန်ပါတယ်။ ဒါ့ကြောင့် ချစ်ရေးချစ်ရာအကြံပေးတွေက ပြတ်သွားတဲ့ရည်းစားဟောင်းနဲ့ သူငယ်ချင်းအဖြစ် ဆက်မနေဖို့ သတိပေးနေခြင်းသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရည်းစားဟောင်းနဲ့ သူငယ်ချင်းလို ဆက်ဆံနေခြင်းဟာ ဘာမှအကျိုးထူးလာဖို့မရှိပဲ စိတ်ပိုညစ်ဖို့သာ ရှိပါတယ်။ 

Ref:yourtango

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.