ကိုယ်နဲ့ လိုက်ဖက်တဲ့ ရေမွှေး ဘယ်လိုရွေးချယ်ဝယ်ယူမလဲ

0e153b8c-f6fa-4f90-a2ef-5bf1278f17c2.jpg
ရေမွှေးဝယ်တာ ငွေကုန်ကြေးကျများတဲ့ ကိစ္စတစ်ခုဖြစ်ပြီး တခြားသူတွေပေးတဲ့ အကြံပြုထောက်ခံချက်အပေါ် ဘာကြောင့် မဝယ်သင့်လဲ ကျွန်ုပ်တို့ မသိကြပါဘူး။ ဘာလို့လဲဆိုတော့ တခြားသူတစ်ယောက်နဲ့ အဆင်ပြေတဲ့ ရေမွှေးအမျိုးအစားက ကိုယ်နဲ့အဆင်ပြေချင်မှပြေမှာ ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ ဒါကြောင့် မိမိနဲ့ လိုက်ဖက်သင့်တော်မယ့် ရေမွှေးရနံ့ရှာဖွေတွေ့ရှိဖို့ အကောင်းဆုံးနည်းလမ်းက ရေမွှေးရနံ့က မိမိကိုယ်နံ့နဲ့  အံဝင်ခွင်ကျရှိ မရှိ စမ်းသပ်ဖို့ ဖြစ်ပါတယ်။ 
 
ရေမွှေးဆိုင်ထဲ ဝင်လိုက်တာနဲ့ ဆိုင်မန်နေဂျာက သင့်ကို ရေမွှေးစမ်းရန် ကပ်ပြားတွေ ပေးပါလိမ့်မယ်။ အဲဒီကတ်ပြားတွေက အဖြစ်လောက်သာ အနံ့ရရှိစေမှာမို့ မသုံးပါနဲ့။ သင်ရတာ ရေမွှေးနံ့အမှန် ဖြစ်မှာ မဟုတ်ပါဘူး။ ရေမွှေးတစ်ခုယူပြီး တစ်နေရာဆီမှာ ဖျန်းကြည့်ပါ။ လက်ကောက်၊ နားရွက်နောက်နား၊ တံတောင်ဆစ်အတွင်း၊ အပြင်စသဖြင့်ပေါ့။ အများကြီးဖျန်းလိုက်ခြင်းက ဇဝေဇဝါ ဖြစ်စေပါလိမ့်မယ်။ ဒီလိုဇဝေဇဝါမဖြစ်အောင် ရေမွှေးနံ့အသစ်အဆန်းတွေ ရှူတဲ့ စပ်ကြားမှာ လက်ဖက်ရည် သို့မဟုတ် ကော်ဖီရှူခြင်းဖြင့် အနံ့အရသာခံမှု ပြန်လည်ဆန်းသစ်စေပါတယ်။ နှာခေါင်းက အနံ့ခံဖို့ ပုံမှန်ဖြစ်တာနဲ့  တခြားရေမွှေးတွေ ဆက်လက်စမ်းသပ်ပါ။ 
 
ဝယ်မယ့်ရေမွှေး ချက်ချင်းမဆုံးဖြတ်ရပါဘူး။ အားလုံး သေချာအနံ့ခံဖို့ ဆိုင်အပြင်ထွက်ပြီး ခုဏက အတိုင်းပြုလုပ်နိုင်ပါတယ်။ ရေမွှေးနံ့က နောက်နာရီအနည်းငယ်အကြာမှာ ပြောင်းသွားပါလိမ့်မယ်။ အဲဒါက သင်နှစ်သက်သဘောကျတဲ့ ရေမွှေးနံ့ သိရှိမယ့်အချိန်ပါပဲ။ မရှင်းသေးပါက သင်ကြိုက်နှစ်သက်တဲ့ရေမွှေးနဲ့ ဘာကြောင့်လဲ မှတ်ချက်ပေးပါ။ အဲဒါက အပြီးသတ် ဆုံးဖြတ်ချက် ချပေးပါလိမ့်မယ်။ 
 
Ref:mensxp
 
 
 
 
 
43 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.