အားသွင်းကြိုးပေါ်က ဆလင်ဒါပုံသဏ္ဍာန်အတုံးလေးက ဘာအတွက်လဲ

capture.png

အားသွင်းကြိုး ထိပ်နားလေးက ဆလင်ဒါပုံအရာဝတ္တုလေးတစ်ခုရှိတာ သတိထားမိပါသလား။ မတွေ့သေးပါက အားသွင်းကြိုး သို့မဟုတ် လျှပ်စစ်ပလပ်ခါင်းရဲ့ အစွန်းနားလေး တစ်ချက်ကြည့်လိုက်ပါ။ ပလတ်စတစ်ဆလင်ဒါလိုဟာမျိုး ရှိနေပါလိမ့်မယ်။

ချာဂျာကြိုးပေါ်က ဆလင်ဒါငယ်လေးဟာ ဘာပါလိမ့်

အကျိုးမဲ့သက်သက်လို့ ထင်ကောင်းထင်ရနိုင်ပေမယ့် ဒီပစ္စည်းလေးမရှိဘဲ သင့်လျှပ်စစ်ပစ္စည်းကိရိယာ  မည်မည်ရရ အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ။ ဒီဆလင်ဒါလေးကို Ferrite bead လို့လည်း သိရပါတယ်။ အီလက်ထရောနစ်လျှပ်စစ်ပတ်လမ်းတွေမှာ လှိုင်းနှုန်းမြင့်ဆူညံသံ ထိန်းချုပ်ဖုံးဖိပေးတဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။

ဒီ ferrite bead က ဝိုင်ယာကြိုးကတဆင့် အသံလှိုင်းတွေဖြစ်ဖြစ် သို့မဟုတ် AC-DC ကွန်ဗာတာ (သို့) AC လိုင်းက ဆူညံသံဖြစ်ဖြစ် လျှပ်စစ်သံလိုက်ဆူညံသံကနေ လက်တော့ပ်ကို သီးခြားခွဲထုတ်ပေးပါတယ်။ လက်တော့ပ်ကြိုး သို့မဟုတ် ပရင်တာစတဲ့ အီလက်ထရောနစ်ပစ္စည်းတွေအတွက် တွေ့နေကျဆိုပေမယ့် မိုဘိုင်းလ်ဖုန်းလိုဟာမျိုးရဲ့ အားသွင်းကြိုးတွေမှာ တွေ့မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် အားသွင်းဖို့လိုတဲ့ ဆဲလ်ဖုန်း သို့မဟုတ် တခြားလျှပ်စစ်ပစ္စည်းတွေနဲ့မတူပဲ လက်တော့ပ်တွေမှာ တစ်ချိန်တည်း လုပ်ငန်းများစွာ ဆောင်ရွက် လေ့ရှိခြင်းကြောင့် ဖြစ်ပါတယ်။ ဒီအချက်က အစိတ်အပိုင်းများစွာ အတူတကွ လည်ပတ်လုပ်ဆောင်ပါက ပရမ်းပတာဖြစ်ခြင်း၊ စနစ်တကျမရှိခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ လက်တော့ပ်အားသွင်းကြိုးပေါ်က ဒီကိရိယာလေးဟာ တုန်ခါမှု လျှော့နည်းသက်သာစေပြီး အနှောင့်အယှက်ဖြစ်စေမှုကနေ ဟန့်တားပေးပါတယ်။

Ferrite bead ကို  သံလိုက်သတ္တိပါတဲ့ iron oxide နဲ့ ပြုလုပ်ထားပါတယ်။ လျှပ်စီးမှု အလွန်အကျွံမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အကျိုးရလဒ်အဖြစ် ဒီသတ္တုဝိုင်ယာကြိုးအားလုံးတို့က လျှပ်စစ်ဖြတ်သန်းစီးဆင်းနေစဉ် ရေဒီယိုသတ္တိကြွမှု စုပ်ယူခြင်း သို့မဟုတ် ထုတ်လွတ်ခြင်းဖြင့် အင်တင်နာအဖြစ် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒီ ferrite bead မရှိဘဲ ဝိုင်ယာကြိုးမှ ထုတ်လွတ်တဲ့ ရေဒီယိုသတ္တိကြွမှုဟာ တခြားအီလက်ထရောနစ်ပစ္စည်းများကြောင့် အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ 

Ref: alltechbuzz 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.