ချိစ်နဲ့ ၀ိုင်နီဟာ ခန္ဓာကိုယ်အလေးချိန် လျှော့ချရမှာ အရေးပါ

istock-000069860005-medium.jpg
ဝိတ်ချဖို့ ကြိုးစားတဲ့အခါ ပါစတာလိုမျိုး အစားအသောက်တွေ ချောကလက်စတာတွေအပြင် ချိစ်ကိုလည်း ရှောင်ရမယ်လို့ ဆိုထားဖူးကြပါတယ်။ ဒီအချက်က ပိန်လည်းပိန်ချင်၊ ချိစ်လည်း မစွန့်လွှတ်နိုင်သူတွေအတွက်တော့ သတင်းဆိုးပါပဲ။ ဒါပေမယ့် သူတို့အတွက် နောက်ထပ် သတင်းကောင်းလေးက ရှိနေပြန်ပါတယ်။ ချိစ်ကြိုက်တဲ့သူတွေ ပျော်သွားမယ့် သတင်းလေးပါ။
 
ဒိန်းမတ် Aarhus တက္ကသိုလ်က သုတေသီတွေက  ချိစ်ကို သင့်တော်တဲ့ ပမာဏလောက်သာ စားပြီးအလွန်အကျွံမစားဘူးဆိုရင် ဒါဟာကျန်းမာရေးနဲ့တောင် ညီညွတ်ပါတယ်တဲ့။လေ့လာတွေ့ရှိသူတွေရဲ့ အဆိုအရ ချိစ်ကိုစားသုံးသူတွေဟာ butyric အက်ဆစ်မြင့်သွားတဲ့အတွက် ဒါဟာအ၀လွန်ခြင်းကို မဖြစ်တော့ပဲ ကောလက်စထရောကိုတောင် လျော့ချပေးနိုင်တယ်လို့ သိရပါတယ်။ သူနဲ့အတူ နောက်ထပ် အကျိုးပြုပေးတဲ့ အရာကတော့ အနီရောင်ဝိုင် (၀ိုင်နီ) ပါပဲ။ ဒါလည်း အလွန်အမင်းသောက်သုံးခြင်း မလုပ်ဘူးဆိုရင် ကျန်းမာရေး ကောင်းစေပါတယ်။
 
ဒါ့ကြောင့် ဘယ်အရာကိုမှ အလွန်အကျူးမစားသုံး၊ မသောက်သုံးဘူးဆိုရင် ကျန်းမာရေးနဲ့ ကိုက်ညီပြီး အသက်ရှည်ရှည်နေနိုင်မှာ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
 

Ref:yourtango

45 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.