အကောင်းဆုံးအိပ်စက်မှု အနေအထားနဲ့ ကျန်းမာရေးအကျိုးပြုပုံများ

4a6b518c-baa6-4a89-8575-b1c34925d887.jpg
ကျွန်ုပ်တို့အများစုဟာ ညအိပ်ချိန် ၆ နာရီကနေ  ၈ နာရီကြား ကုန်ဆုံးစေကြပါတယ်။ ဒါကြောင့် ဒီအတောအတွင်း ကျွှန်ုပ်တို့ အိပ်တဲ့အနေအထားဟာ ကျွုန်ုပ်တို့ ကျန်းမာရေးအပေါ် ကြီးမားတဲ့အကျိုးသက်မှု ဖြစ်စေနိုင်ပါတယ်။ ဒီတော့ ဘယ်ဟာက အကောင်းဆုံးအိပ်နည်းပုံစံဖြစ်ပြီး ဘယ်ဟာတွေ ရှောင်ရှားသင့်ပါသလဲ။ 
 
မှောက်အိပ်ခြင်း 
ယုံချင်ယုံ မယုံချင်နေ။ ဒီနည်းက အဆိုးဆုံးအိပ်စက်မှု အနေအထားဖြစ်ပါတယ်။ ဒီအတိုင်း ညဆက်အိပ်တာက ကျောရိုးပုံမှန်အနေအထားမဖြစ်တာကြောင့် နာကျင်ကိုက်ခဲမှုတွေ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် အဆစ်အမြစ်နဲ့ ကြွက်သားတွေမှာ ဖိစီးမှုရှိပါတယ်။ အလှအပဘက်ကကြည့်ရင် ဝမ်းလျားမှောက်အိပ်ခြင်းက ရင်သားအိတွဲကျစေနိုင်ပြီး တစ်ညလုံး မျက်နှာနဲ့ ခေါင်းအုံးမှီကပ်လျက်ရှိတာမို့ အရေးအကြောင်းတွေ ဖြစ်ပေါ်စေ ပါတယ်။ မှောက်အိပ်ခြင်းကြောင့် ရတဲ့အကျိုးမြတ်တစ်ခုက အဟောက် လျော့နည်းစေနိုင်တာပါပဲ။ 
 
ဘေးစောင်းအိပ်ခြင်း 
ဘေးစောင်းအိပ်တာက ယေဘုယျအားဖြင့် ကျန်းမာရေးနဲ့  ညီညွတ်တဲ့အနေအထားကောင်းတစ်ခု ဖြစ်ပါတယ်။ ကျောရိုး ပုံမှန်အနေအထားမှာ ထိန်းသိမ်းထားပြီး လည်ပင်းနဲ့ ကျောကုန်းနာကျင်မှု ကာကွယ်ခြင်းအတွက် အထူးကောင်းမွန် ပါတယ်။ နောက်ပြီး အက်ဆစ်စီးဆင်းမှုလည်း လျှော့ချပေးနိုင်ပါတယ်။ သားအိမ်ဆီ သွေး စီးဆင်းမှု မြင့်တက်စေတာကြောင့် ဒီအနေအထားကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အကြံပြုထားပါတယ်။
 
ခွေအိပ်ခြင်း 
ဒူးကွေးလျက် တစ်ညလုံးအိပ်တာက အထူးသဖြင့် အဆစ်ရောင်နာ သို့မဟုတ် ကျောကုန်းဝေဒနာ အခံရှိထားပါက အဆစ်အမြစ်တွေမှာ အန္တရာယ်ရှိနိုင်ပါတယ်။ အသက်ပြင်းပြင်းရှူဖို့ အဟန့်အတားဖြစ်စေတာကြောင့် ဒီအနေအထားကို အားမပေးပါဘူး။ နောက် ရင်သား အိကျစေပြီး အရေးအကြောင်းတွေ အနည်းငယ်စောပြီး ဖြစ်ပေါ်စေနိုင်ပါတယ်။ သို့သော် ဟောက်တတ်သူတွေအတွက်တော့ ကောင်းမွန်တဲ့အနေအထားတစ်ခုဖြစ်ပါတယ်။ 
 
ပက်လက်အိပ်ခြင်း 
ဒါက အများစုအတွက် အကောင်းဆုံးအိပ်နည်းပုံစံအနေအထားပဲဖြစ်ပါတယ်။ ခေါင်း၊ လည်ပင်းနဲ့ ကျောရိုး ပုံမှန်အနေအထားမှာ ရှိနေစေပြီး အဆစ်အမြစ်နာကျင်မှု၊ ကြွက်သားကိုက်ခဲမှုတွေ လျှော့ချပေးပါတယ်။ Acid reflux လည်း လျှော့နည်းစေပြီး ရင်သားတွေ ပိုမိုကျစ်လစ်အောင် ထိန်းသိမ်းပေးပါတယ်။ မျက်နှာကလည်း တစ်ညလုံးခေါင်းအုံးနဲ့ မဖိမကပ်မိတော့ အရေးအကြောင်းဖြစ်မှာ စိုးရိမ်စရာမလိုပါဘူး။ သို့ပေမယ့် ဒီအနေအထားဟာ ကျယ်လောင်စွာဟောက်ခြင်းနဲ့ ပြင်းပြင်းထန်ထန်အသက်ရှူမှု ဖြစ်ပွားနိုင်ခြေ အများဆုံးဖြစ်ပါတယ်။ 
 
Ref:firsttoknow
 
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.