အသည်းရောင် အသားဝါ ကာကွယ်ဆေးဆိုတာ တကယ် ကာကွယ်ပေးနိုင်ရဲ့လား

hepatitis-vaccination.jpg
အခုအချိန်မှာ မြန်မာနိုင်ငံရဲ့နေရာတော်တော်များများမှာ အသည်းရောင် အသားဝါ ကာကွယ်ဆေးတွေကို အခမဲ့ လိုက်လံထိုးနှံပေးနေတာ တွေ့ရပါတယ်။ ဒီအသည်းရောင် အသားဝါရောဂါက ဘာကြောင့်ဖြစ်တတ်တာလဲ၊ ဘယ်လိုကြောင့် ကူးစက်ပြီး ဘာကြောင့် စီမံချက်ချပြီး ကာကွယ်ဆေးထိုးနှံ ပေးရသလဲဆိုတဲ့ အကြောင်းအရာတွေကို သိဖို့လိုအပ်ပါတယ်။ ကာကွယ်ဆေးရဲ့ အတိုင်းအတာကို သိထားရင် ကာကွယ်ဆေးထိုးသင့် မသင့်၊ ပျက်ကွက်ခံသင့် မခံသင့်ကို ချင့်ချိန်နိုင်မှာပါ။
 
အသည်းရောင် အသားဝါဗိုင်းရပ်စ်ပိုးက ရေ ရော သွေးရော နှစ်မျိုးစလုံးကြောင့်ဖြစ်နိုင်ပြီး ရေထဲမှာပါတဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အသည်းရောဂါက အသည်းရောင်ရောဂါ A နဲ့ E တို့ဖြစ်ပြီး သွေးကြောင့် ကူးစက်ပါက အသည်းရောင် အသည်းဝါ B ၊C နဲ့ D ရောဂါဆိုပြီး ခွဲနိုင်ပါတယ်။ A နဲ့ E ပိုးတွေ ကြောင့်ဖြစ်တဲ့ အသည်းရောင်ရောဂါက အသားဝါတာ၊ အော့အန်တာတွေဖြစ်စေပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ အသည်းပျက်စီးစေနိုင်တဲ့ ရာခိုင်နှုန်းက အသည်းလူနာတွေရဲ့ ၅ရာခိုင်နှုန်းခန့် ရှိပါတယ်။ B ၊C ပိုးကြောင့်ဖြစ်တဲ့ အသည်းရောဂါက အသည်းကင်ဆာနဲ့ အသည်းခြောက်ရောဂါအထိ ဖြစ်စေနိုင်ပေမဲ့ A နဲ့ E ပိုးကြောင့် ဖြစ်တဲ့ အသည်းရောဂါက နာတာရှည် အသည်းရောဂါအထိ မဖြစ်စေနိုင်ပါဘူး။
 
အသည်းရောင် ရောဂါပိုး A က ကလေးတွေကို အဓိက ကူးစက်စေနိုင်ပြီး ၅% လောက်ပဲ ရောဂါလက္ခဏာ ပြလေ့ရှိပါတယ်။ အများအားဖြင့် ကလေးဘဝမှာ ဖြစ်ပွာတဲ့ အသည်းရောင်ရောဂါက A ပိုးကြောင့် ဖြစ်တာများပါတယ်။ ဒါကြောင့် အသက် ၅ နှစ်အောက် ကလေးတွေမှာ A ပိုးကာကွယ်ဆေးထိုးနှံဖို့ အကြံပြုထားပြီး ၈၅-၉၀%လောက်က ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ အသည်းရောင် A ကာကွယ်ဆေးက နိုင်ငံတကာ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တွေမှာ မပါသေးပေမဲ့ ကလေးအထူးကု ဆရာဝန်အများစုက ကလေးအသက် ၁ နှစ်အောက်အရွယ်မှာ ထိုးနှံတာက ပိုပြီး စိတ်ချရတယ်လို့ ဆိုပါတယ်။
 
အသည်းရောင် B ပိုးကာကွယ်ဆေးက ရောဂါကာကွယ်ရာမှာ အရမ်းကို ထိရောက်ပြီး ၉၅%လောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေး ၃ ကြိမ်ပြည့်အောင် ထိုးနှံတဲ့သူတွေမှသာ ကာကွယ်ပေးနိုင်မှာ ဖြစ်ပြီး တစ်သက်တာလုံး ကာကွယ်ပေးပါတယ်။ အသည်းရောင် B ရောဂါက Aရောဂါနဲ့ မတူတာက အသက်အရွယ် မရွေးဖြစ်စေနိုင်တာပါပဲ။
 
တစ်ခု မှတ်ထားဖို့လိုအပ်တာက ကာကွယ်ဆေးထိုးပြီးမှ အသည်းရောင် ရောဂါဖြစ်ပွားမှုအချို့ကို မြင်ဖူးပေမဲ့ အရမ်းကို အခွင့်အရေးနည်းပါးတာကို တွေ့ရပါတယ်။ အသည်းရောဂါက ရေနဲ့ အစားအသောက်တွေကတဆင့် ကူးစက်နိုင်တဲ့အတွက် ကာကွယ်ဆေးထိုးနှံထားတာက အရမ်းကို ထိရောက်တဲ့ ကာကွယ်နည်းတစ်ခုပဲ ဖြစ်ပါတယ်။
 
Ref:thehealthsite
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.