ဖေ့စ်ဘုတ်ရွာဇာတ်ကားကြီးကြောင့် ပရိသတ်ပိုသိသွားကြောင်း ပြောပြလာတဲ့ ဆုအိမ့်စံ

13933335_1779725732286337_1062230778_n.jpg

ရွာကိုပြန်ခဲ့အာလူးရယ် ကားအပါအ၀င် ဗီဒီယိုအနေနဲ့ကိုးကားနီးပါးရိုက်ကူးထားပြီး မကြာသေးခင်ကမှ ရုံတင်ပြသခဲ့တဲ့ ဖေ့စ်ဘုတ်ရွာဇာတ်ကားမှာ အသစ်တစ်ယောက်ပေမဲ့ ကိုယ်လုပ်ရမဲ့ ကာရိုက်တာတစ်ခုကို အကောင်းဆုံးနဲ့ပရိသတ်လက်အခံနိုင်ဆုံးကြိုးစားခဲ့သူကတော့ ဆုအိမ့်စံပါ။ သူမဟာ အနုပညာလောကမှာ မော်ဒယ်လ်တစ်ယောက်အနေနဲ့ရပ်တည်ကြိုးစားလာခဲ့တာကြာပြီဖြစ်ပေမဲ့ ဒီနှစ်ပိုင်းထဲမှာမှ ဗီဒီယိုကားလေးတွေစတင်ရိုက်ကူးလာပြီး ပရိသတ်အများလက်ခံလာတဲ့ မင်းသမီးသစ်လေးတစ်ယောက်လို့ပြောရင်လဲမမှားပါဘူး။ လက်ရှိမှာသူမရိုက်ကူးနေတဲ့ ဇာတ်ကားအကြောင်းနဲ့အောင်မြင်မှုသရဖူဆင့်ခဲ့တဲ့ ဖေ့စ်ဘုတ်ရွာဇာတ်ကားကြီးအကြောင်းကိုပါပြောပြလာတဲ့အခါ

"ညီမကိုလူသိသွားတာကတော့ ဖေ့စ်ဘုတ်ရွာပေါ့။ အဲ့ဒီကားက ညီမပါဝင်ရတဲ့ ပထမဆုံးရုပ်ရှင်ကားကြီးပေါ့။ အဲ့ဒီကားနဲ့ပတ်သက်ပြီး ငုဝါဆိုပြီးပရိသတ်သိကြတယ်။ ပြီးတော့ နွားနှစ်ကောင်ရှေ့မှာရိုက်ထားတဲ့ ညီမရဲ့ပုံက အရမ်းကို ဟော့ဖြစ်သွားတဲ့အတွက် ပရိသတ်တွေသဘောကျကြတယ်ပေါ့။ ထပ်ပြီးရိုက်ဖို့ပြောထားတဲ့ ကားကြီးတွေလဲရှိပါသေးတယ်။ ကိုယ်နဲ့လိုက်ဖက်တဲ့ ကာရိုက်တာအပေါ် ရွေးချယ်မှုကတော့ ညီမကာရိုက်တာပေါင်းစုံတော့လုပ်ကြည့်ချင်တယ်။ ကိုယ်နဲ့ဘယ်လိုင်းကအံဝင်ခွင်ကျဖြစ်တယ်ဆိုတာကပြောလို့မရသေးဘူး။ အဲ့ဒီတော့ အကုန်လုံးကို ရိုက်ကြည့်ချင်တယ်။ အိမ်ထောင်သည်ပဲဖြစ်ဖြစ်၊ အရူးမပဲဖြစ်ဖြစ်၊ ဗိုက်ကြီးသည်ပဲဖြစ်ဖြစ်ပေါ့။ ဘယ်ဟာမဆိုလုပ်ကြည့်ချင်ပါတယ်။"လို့ သူမက ပြောပါတယ်။

ကိုယ်နဲ့တွဲရိုက်တဲ့ မင်းသားမင်းသမီးကြီးတွေဆီက ရရှိခဲ့တဲ့ အတွေ့အကြုံများနဲ့ပတ်သက်ပြီးတော့လဲ သူမက "အတွေ့အကြုံတွေကတော့ အများကြီးရတယ်။ အကုန်လုံးကလဲ ညီမကိုလက်တွဲခေါ်ကြတယ်။ သင်ပေးကြတယ်။ အားလုံးအဆင်ပြေပါတယ်။  ညီမကအားလုံးအပေါ်စိတ်ကောင်းထားတဲ့အတွက်အခုထိကတော့ ပြောရလောက်တဲ့ အခက်အခဲမျိုးမတွေ့ရသေးပါဘူး။ ဒါပေမယ့် သရုပ်ဆောင်မှုအပေါ် ဒရာမာပဲဖြစ်ဖြစ် ၊ ဟာသပဲဖြစ်ဖြစ် ကိုယ်ကအသစ်တစ်ယောက်ဖြစ်တဲ့အတွက်တော့ ခက်ခဲတယ်ပေါ့။ ဘယ်အရာမှ လွယ်တယ်ဆိုတာတော့ မရှိဘူး။ အိမ်ကတော့ အစစအရာရာကူညီပေးတယ်။ အဲ့ဒီအတွက်အခက်အခဲရှိပေမဲ့ သရုပ်ဆောင်ရတဲ့အပေါ်မှာပဲကိုယ့်စိတ်ကိုနှစ်ထားရတယ်။ကျန်တာကတော့ အိမ်ကစီစဉ်ပေးတဲ့အတွက် အဆင်ပြေပါတယ်"တဲ့။

သူမနဲ့ပတ်သက်ပြီး ပရိသတ်အပြောများခဲ့တဲ့ ဇာတ်ကားတွေကတော့ ရွာကိုပြန်ခဲ့အာလူးရယ်၊ စုံစီနဖာ စတဲ့ဇာတ်ကားလေးတွေဖြစ်ကြောင်း သိရပါတယ်။

ဆက်လုပ်သွားမဲ့ အနုပညာလှုပ်ရှားမှုများတွေကို မေးမြန်းကြည့်တော့  "ညီမဗီဒီယိုတွေလဲဆက်ရိုက်သွားဖို့ရှိတယ်။ ဇာတ်လမ်းတွဲလဲရိုက်ဖို့ရှိတယ်။ ကားကြီးတွေလဲ ဆက်ရိုက်သွားဖို့ရှိတယ်။ ဆုဆုကိုအားပေးကြပါလို့။ ဆုဆုသရုပ်ဆောင်တဲ့အပိုင်းမှာလိုအပ်တာတွေရှိရင်လဲဝေဖန်ပေးကြပါ။ အားပေးနေတဲ့ပရိသတ်တွေကိုကျေးဇူးတင်ပါတယ်။ လို့ပြောပြခဲ့ပြီး လက်ရှိမှာ ဆုအိမ့်စံက အန်ကယ်လေး၊ သွန်းဆက်တို့နဲ့အတူ ဗိုက်နှစ်လုံးဆိုတဲ့ဗီဒီယိုကားလေးမှာ ဗိုက်ကြီးသည်တစ်ယောက်အနေနဲ့သရုပ်ဆောင်နေတယ်"လို့သူမက ပြောပြသွားပါတယ်။

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.