သင့် iPhone ဘက်ထရီ ကြာရှည်ခံစေမယ့် နည်းလမ်းများ

phone-battery-last-longer.jpg

ဘဝမှာ အရေးကြီးဦးစားပေးအချက်တွေ သေချာစစ်ဆေးပေးဖို့ လိုအပ်နေမှန်း ကျွန်ုပ်တို့အားလုံး သိကြပါတယ်။ ဒါပေမယ့် အခုအခါ ကျွန်ုပ်တို့ ဖုန်းကိုပဲ တမ်းတမ်းစွဲတဲ့ အလေ့အကျင့် ဖြစ်နေပါပြီ။ ဖုန်းသုံးတဲ့အခါ အဆိုးဆုံးခံစားချက်က အားကုန်ခန်းသွားတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ဘက်ထရီသင်္ကေတလေး အနီရောင်သို့ ပြောင်းသွားတဲ့အချိန် ဖြစ်တဲ့ခံစားချက်ကို အားလုံးသိကြပါတယ်။ ဒါ့ကြောင့် မိမိဖုန်းဘက်ထရီအား ဘယ်လို ကြာရှည်ခံအောင်လုပ်နိုင်မလဲ ဖုန်းအားကုန်ခန်းမှု ဘယ်ရှောင်မလဲ ဆောင်ရွက်စရာအချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

Notifications

သင့်ဖုန်းက text မေ့ဆေ့ခ်ျ၊ အီမေးလ်နဲ့ တခြားအရေးကြီး update တွေ ဖုန်းမျက်နှာပြင် lock လုပ်ထားစဉ် မြင်တွေ့စေပါတယ်။ သို့ပေမယ့် noti တချို့က သိပ်အရေးမကြီးဘူးမဟုတ်လား။ Screen ပေါ် noti တွေ အမြဲတက်စေတဲ့ app တွေ စစ်ဆေးပြီး သိပ်အရေးမကြီးတဲ့ app တွေကို settings ပြောင်းပါ။ Screen လင်းလိုက်တိုင်း ဘက်ထရီစားသွားပါတယ်။ Noti နည်းလေ၊ ဘက်ထရီတာရှည်ခံလေ ပါပဲ။

Bluetooth နဲ့ WiFi

Bluetooth နဲ့ WiFi ပွင့်နေရင် ဖုန်းမှ အနီးနားရနိုင်တဲ့ ချိတ်ဆက်မှုတွေ အမြဲရှာဖွေ၊ စကင်လုပ်နေတာပါ။ မိမိ WiFi မရှိတဲ့ နေရာရောက်နေတယ် ဒါမှမဟုတ် Bluetooth ချိတ်ဆက်မှုမလုပ်ဘူးလို့ သိနေပါက ဘက်ထရီချွေတာဖို့ settings တွေ off လုပ်ပါ။

Frequent Location နဲ့ Fitness ခြေရာခံခြင်း

ဒီ settings နှစ်ခုက Bluetooth နဲ့ တူပါတယ်။ ဘက်ထရီကုန်ခန်းစေနိုင်ပါတယ်။ Frequent Location က မကြာသေးမီရောက်ရှိခဲ့တဲ့ location တွေ ခြေရာခံပြီး noti တွေ အစဉ်လိုက်တက်စေပါတယ်။ တကယ်လို့ ဒါတွေ မလိုအပ်ဘူးဆိုရင် Settings > Privacy > Location > System Services သို့သွားပြီး Frequent Locations ကို off လုပ်ပါ။ Fitness Tracking အသုံးမပြုပါကလည်း off လုပ်ထားပါ။ Settings > Privacy > Motion & Fitness သို့ သွားပြီး Fitness Tracking ခလုတ် ပိတ်ပေးရပါမယ်။

Brightness

ဒီနည်းက ဟောင်းပေမယ့် အသုံးတည့်နေဆဲပါ။ Screen အလင်းလျှော့တာက ဖုန်းဘက်ထရီချွေတာဖို့ အမြဲတမ်းနည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

App auto updates

Settings သွားပြီး auto-updates ကို turn off လုပ်ပါ။ ဒီ setting က app တွေ အလိုအလျောက် update တက်စေပါတယ်။ Setting ကို off လုပ်ပြီး ဝိုင်ဖိုင်လိုင်းမိတဲ့အခါ App Store ကနေ update လုပ်ပါ။ Settings > iTunes & App Store သွားပြီး Automatic Downloads အောက်မှာ "Updates" slider လေး ပိတ်ပါ။

Background အသေ

ဖုန်းကို တိမ်းစောင်း၊ ရွေ့လျားပေးလိုက်တာနဲ့ background တွေ လှုပ်ရှားစေပါတယ်။ Background အဖြစ် dynamic moving image မရွေးချယ်မိဖို့ သေချာဂရုစိုက်ပါ။ ဖုန်းဘက်ထရီ ချွေတာပေးရာ ရောက်ပါလိမ့်မယ်။

Application overload

ဒါက ခေါင်းစားစရာမရှိပါဘူး။ Settings > General > Usage ကို သွားပြီး ဘယ် app တွေ ဘက်ထရီအသုံးများဆုံးလဲ သိဖို့ Battery Usage ထဲဝင်ပါ။ ကိုယ်တကယ်အသုံးပြုနေတဲ့ app တွေစစ်ကြည့်ပြီး သိပ်မသုံးဖြစ်ဘဲ ဘက်ထရီအလွန်စားတဲ့ app တွေကို ဖျက်ပစ်ပါ။ 

Ref: Shefinds 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.