သောက်သုံးရေ၊ လျှပ်စစ်မီးမရှိဘဲ နှစ် ၄၀ ဂူအောင်းနေထိုင်ခဲ့သူ

nintchdbpict000255749961.jpg

အာဂျင်တီးနားနိုင်ငံက ခေတ်သစ်ဂူအောင်းလူသား Pedro Luca ဆိုသူဟာ အစားအစာအတွက် အမဲလိုက်ပြီး  အနီးနားရှိ ချောင်းငယ်တစ်ခုကနေ ရေသောက်သုံးကာ အသက်ရှင်နေထိုင်ခဲ့ပါတယ်။

ရာသီဥတုဒဏ်ကြံ့ကြံ့ခံနိုင်တဲ့ အသက် ၈၀ အရွယ်အဖိုးအိုကြီးဟာ သူ့နေထိုင်ရာဂူကနေ မတ်စောက်တဲ့မြေပြင်တလျှောက် ၃ နာရီကြာ နေ့တိုင်း ခေါက်တုံ့ခေါက်ပြန် ခြေလျင်ခရီးနှင်ရပါတယ်။

နေအိမ်အနွေးဓာတ်ပေးရန် လျှပ်စစ်မီးအစား ရှေးဆန်ပြီး ဟုန်းဟုန်းတောက်နေတဲ့မီး အသုံးပြုတာပဲ သူ ပိုသဘောကျမိပါတယ်။

ယူရို ၇၅ – ၁၅၀ ဝန်းကျင်ရှိတဲ့ သူ့ပင်စင်ကို ဖယောင်းတိုင်၊ တဆေးနဲ့ ဂျုံအပါအဝင် မရှိမဖြစ်အရာတွေဝယ်ခြမ်းဖို့ အသုံးပြုပါတယ်။

အခုလို ရာစုနှစ်ထဲ Pedro ဒီလိုနေထိုင်တာ ယုံကြည်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် သူ့မှာ နည်းပညာပစ္စည်းတစ်ခုတော့ ရှိပါတယ်။ လျှပ်စစ်မီးမရှိတော့ Pedro ဟာ သူ့ရေဒီယိုသေးသေးလေးတစ်ခုအတွက် ဘက်ထရီတွေပဲ အားထားရပါတယ်။

ဂူအောင်းလူသား Pedro ဟာ ငယ်ငယ်တုန်းက ရိုးစင်းတဲ့ဘဝကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဖိုးဖြစ်သူမှ San Pedro de Calalao မှာ ပြုစပျိုးထောင်ခဲ့ပြီးနောက် ၁၄ နှစ်အရွယ်မှာ သူ အိမ်ကို စွန့်ခွာခဲ့ပါတယ်။

သီးခြားနေထိုင်ရတာ ပိုသဘောကျတဲ့ သူက ဘဝသစ်နေထိုင်ရပ်တည်နိုင်ရန် Bolivia သို့ ကျောက်မီးသွေး သယ်ယူပို့ဆောင်ပေးတဲ့ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။

သူမတူတဲ့ဘဝနေထိုင်မှုပုံစံကြောင့် Pedro ဟာ အာဂျင်တီးနားနိုင်ငံ San Pedro de Colalao ရှိ သူ့ရွာမှာ လူသိများလာခဲ့ပါတယ်။ ဒေသခံတွေက သူ့ကို ချစ်ခင်ကြပြီး ကုန်ပစ္စည်းတွေနဲ့ ထောက်ပံ့မှုပစ္စည်းတွေနဲ့ မကြာမကြာ ကူညီပေးကြပါတယ်။ 

Ref: The Sun 

6K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.