ရှူးဖိနပ်တွေ အနံ့မထွက်အောင်

megan-malasarte_smelly2.jpg
ရှူးဖိနပ်တွေ အနံ့ထွက်တတ်တာက မိုးတွင်းမှ ဆောင်းတွင်းမှ ဖြစ်တတ်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဖိနပ်က မကောင်းတဲ့ အနံ့ဆိုးထွက်တာက နှစ်ပေါက်အောင်ကြာတတ်တဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ခြေထောက်အနံ့ထွက်ရခြင်းက အရေပြားမှာ ဘက်တီးရီးယား ကူးစက်ခံရခြင်းကြောင့်ဖြစ်နိုင်သလို တခါတလေ ချွေးထွက်များလို့ ခြေထောက်စိုနေတာတွေကြောင့်လည်း အနံ့ဆိုးထွက်တတ်ပါတယ်။
 
ဘက်တီးရီးယားတွေနဲ့ ချွေးတွေကြောင့်အပြင် ရှူးဖိနပ်က အနံ့စုပ်တတ်တဲ့အတွက်လည်း အနံ့ဆိုးထွက်တတ်ပါတယ်။ဒါကြောင့် ရှူးဖိနပ်က အနံ့ထွက်တာကို ကာကွယ်နိုင်မယ့်နည်းလေးတွေကို ပြောပြပေးချင်ပါတယ်။
 
ဖိနပ်တစ်ရံတည်းကိုပဲ နေ့တိုင်းမစီးပါနဲ့။ အနည်းဆုံး ၂ ရံထားပြီး တစ်လှည့်စီလဲစီးပါ။ ဒါမှ ဖိနပ်အတွက် အခြောက်ခံဖို့ အချိန်ရမှာ ဖြစ်ပါတယ်။
 
ဆေးပါဝင်တဲ့ အောက်ခံဖိနပ်ပြားကို ထည့်သွင်းကြည့်ပါ။ ဒီဖိနပ်ပြားတွေက ခြေဖဝါးက အနံ့တွေပျောက်စေပြီး တစ်နေကုန်မွှေးနေစေတဲ့အတွက် လန်းဆန်းနေစေပါတယ်။
 
ဖိနပ်တွေကို ညနေအိမ်ပြန်ရောက်လို့ ချွတ်ထားတဲ့အခါမှာ ဖိနပ်ထဲကို သတင်းစာစက္ကူတွေကို လုံးပြီး ထည့်ထားလိုက်ရင် သတင်းစာစက္ကူက အတွင်းက စိုထိုင်းထိုင်းဖြစ်နေတာတွေအားလုံးကို စုပ်ယူလိုက်ပြီး ဘက်တီးရီးယားပေါက်ပွားခြင်းကို ကာကွယ်ပေးပါတယ်။
 
ဖိနပ်ထဲကို မုန့်ဖုတ်ဆော်ဒါဖြူးပေးပြီး တစ်ညထားလိုက်ပါ။ မုန့်ဖုတ်ဆော်ဒါက မှိုတွေကို အမြန်ဆုံးပျောက်စေနိုင်ပြီး အနံ့တွေကို စုပ်နိုင်တဲ့ သတ္တိရှိပါတယ်။
 
ရှူးဖိနပ်တွေကို ညဘက်ချွတ်ထားတဲ့အချိန် လိမ္မော်သီး၊ သံပုရာသီး၊ သံပုယိုသီးလို ချဉ်တဲ့အသီးအနှံတွေရဲ့ အခွံတွေကို ထည့်ထားပေးလိုက်ရင် မကောင်းတဲ့အနံ့ဆိုးတွေကို ပျောက်ကင်းစေပြီး လန်းဆန်းတဲ့ အနံ့တွေရရှိနိုင်မှာ ဖြစ်ပါတယ်။
 
ဘက်တီးရီးယားတွေကို သေစေနိုင်သလို မွှေးပျံ့တဲ့အနံ့ဖြစ်စေတဲ့ လာဗင်ဒါအမွှေးဆီအနံ့ ၁-၂ စက်လောက်ထည့်ထားလိုက်ရင် ပိုးမွှားကင်းစင်ပြီး မွှေးပျံ့တဲ့ ရှူးဖိနပ်တစ်ရံ ဖြစ်စေမှာပါ။
 
Ref:thehealthsite
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.