ပေါင်လုံးကြီးတဲ့ အမျိုးသမီးတိုင်း တွေ့ကြုံနေရတဲ့ အခက်အခဲများ

big-thights.jpg

ကျွန်ုပ်တို့အားလုံး ကိုယ်လုံးကိုယ်ပေါက် ပုံစံအမျိုးမျိုး၊ size အဖြာဖြာ ရှိကြပါတယ်။ တချို့က အရပ်အမောင်း ရှည်ကြတယ်။ တချို့ ပုကြတယ်။ တချို့က D ပုံစံရှိကြပါတယ်။ တချို့ကျပြန်တော့ A ပုံသဏ္ဍာန်ရှိကြပြီး တချို့က ပေါင်သေးသေးနဲ့ ဖြစ်ပြီး တချို့ကျတော့ ပေါင်လုံးကြီးသူတွေ ဖြစ်ကြပါတယ်။

ပေါင်လုံးကြီးတဲ့ မိန်းကလေးတိုင်း သိနားလည်ကြတဲ့ အခက်အခဲတချို့ကတော့…

၁။ ဘောင်းဘီအောက်လျောကျခြင်း

ဘောင်းဘီတွေ အလိုအလျောက်လျောကျတတ်တာမို့ ဘောင်းဘီကို သိပ်သဘောမကျကြပါဘူး။  ဘောင်းဘီဝယ်တဲ့အခါ ကိုယ်နဲ့အံကိုက်ဖြစ်မယ့် size ဝယ်ဖို့ လိုအပ်ပါတယ်။ တစ်နေ့ကုန် ဘောင်းဘီဆွဲတင်တာနဲ့ပဲ အချိန်ကုန်ဆုံးတတ်ပြီး ခါးပတ်တောင် မကယ်နိုင်ပါဘူး။

၂။ ဘောင်းဘီတိုဝတ်ခြင်း

ဘောင်းဘီတိုဝတ်ဆင်တာ ထိတ်လန့်စရာ ကောင်းပါတယ်။ သွေးလည်ပတ်မှုကိုလည်း ပိတ်ဆို့မနေဘဲ ပေါင်နဲ့လည်း ကွက်တိကျမယ့် ဘောင်းဘီမျိုးဖြစ်ဖို့အတွက် size ပို တွက်ပေးရပါမယ်။

၃။ စိတ်ကတိကအောက်ဖြစ်ခြင်း

ဘောင်းဘီအတိုတွေ သို့မဟုတ် ဂါဝင်တွေ ဝတ်ဆင်တဲ့အခါ ပေါင်တစ်ခုနဲ့တစ်ခု ထိမိပြီး ပွန်းရှတတ်ပါတယ်။

၎။ အပြေးအားကစား

ပေါင်တစ်ခုနဲ့တစ်ခု အမြဲတမ်း ပွတ်မိတိုက်မိနေရတာကြောင့် ပြေးရတာ တကယ်စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

၅။ ဘစ်ကနီ

တခြားခန္ဓာကိုယ်အဖွဲ့အစည်းတွေ သေးသွယ်ပြီး ကြံ့ခိုင်နေပေမယ့် အဝတ်မပါဘဲ ပေါင်တွေလှစ်ဟဖော်ပြရမှာ  မဝံ့မရဲကြောက်လန့်နေကြဆဲ ဖြစ်ကြပါတယ်။

၆။ ခြေချိတ်ထိုင်ခြင်း

ပေါင်ကြီးလေ၊ ခြေချိတ်ထိုင်ရ ခက်ခဲလေပဲ ဖြစ်ပါတယ်။ ဒါ နောက်ဆုံးတွေ့ကြုံနေရတဲ့ အခက်အခဲဖြစ်ပါတယ်။ ခြေကန့်လန့်ဖြတ်တင် နိုင်တယ်ထား။ သက်တောင့်သက်သာ မရှိနိုင်ပါဘူး။

Ref: Huffingtonpost 

25 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.