အိမ်အပြင်မထွက်ပဲ ဖေ့စ်ဘွတ်ကကြည့်ပြီးတော့ပဲ ယောဂကျင့်ကြမလား

yoga_0_1.jpg
ခန္ဓာကိုယ်ကျစ်လစ်သွယ်လျပြီး၊ စိတ်ဖိစီးမှုတွေလည်း လျော့၊ ကလေးတစ်ယောက်လိုလည်း ညဘက်တွေ အိပ်ပျော်သွားအောင် စွမ်းဆောင်နိုင်တာက ယောဂကျင့်ခြင်းပါပဲ။ ယောဂကျင့်ချင်ပေမယ့် အလုပ်တွေ၊ အိမ်အလုပ်တွေကြောင့် သီးသန့်အပြင်ထွက်ပြီး သင်တန်း မတက်နိုင်တဲ့သူတွေအတွက် ခုလိုခေတ်ကြီးထဲမှာ အိမ်မှာပဲနေပြီး ဖေ့စ်ဘွတ်ခ်ကနေ ယောဂသင်တန်းကို တက်လို့ရနေပြီနော်။ ပြီးတော့ ဒါက အခမဲ့ဆိုတော့ ဒါသတင်းကောင်း မဟုတ်လား။
 
Facebook Live ဗီဒီယို အနေနဲ့ တင်ထားတဲ့ ဒီသင်တန်းတွေအကြောင်း ပြောရရင် သင်ဝင်ရောက်ကြည့်ရှုနိုင်တဲ့ သင်တန်းက သုံးခုရှိပါတယ်။ အဲ့ဒါတွေကတော့ 
 
၁။ Super Sister Fitness
 
ဒါကတော့ ပထမဆုံး မိတ်ဆက်ပေးချင်တဲ့ fitness လေးပါ။ ဒီသင်တန်းလေး ဖွင့်လိုက်တဲ့ Sara နဲ့ Liz Germain တို့ကလည်း သင်တန်းအတွက် အပြင်ထွက် အချိန်မပေးနိုင်ကြသူတွေအတွက် ရည်ရွယ်ပြီး ခုလို Facebook Live အစီအစဉ်လေးကို စတင်လိုက်တာပါ။  ဒါကတော့ သူတို့လေ့ကျင့်တာကို ကြည့်နိုင်တဲ့ လင့်ခ်လေးပါ။
 
https://www.facebook.com/supersisterfitness/videos
 
၂။ Yogalive Girl
 
ဒီ Yogalive Girl မှာတော့ Leukemia နဲ့ ယောဂဆရာ Hillary Thomas တို့က သူတို့ကိုယ်တိုင်ယောဂကျင့်ရာကနေ အားလုံးကို မျှဝေပေးချင်တဲ့ စေတနာနဲ့ ခုလို Facebook Live Yoga ဗီဒီယိုတွေကို ရိုက်ကူးပြီးတင်ဖြစ်ခဲ့တာပါတဲ့။
စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီလင့်ခ်လေးကတစ်ဆင့် သွားရောက်ကြည့်ရှုရင်း လေ့ကျင့်နိုင်ပါတယ်။ 
 
https://www.facebook.com/Yogalivegirl/videos/1767523880198590/
 
၃။ Yoga With Me 
 
အိမ်မှာ ယောဂကျင့်တာတွေကို ရိုက်ကူးတာမျိုး မဟုတ်ပဲ စတူဒီယိုအထိပါ အပေါင်းအပါ တစ်ခုနဲ့အတူ ယောဂကျင့်တာမျိုးတွေကို အသေးစိတ်ရိုက်ကူးပြချင်သူကတော့ Shirley McLeod ပါ။ သူ့ဗီဒီယိုတွေကိုလည်း Facebook Live အနေနဲ့ ကြည့်နိုင်ပါတယ်နော်။  လင့်ခ်ကတော့ ဒီမှာပါ –
 https://www.facebook.com/yogawithmenz/videos 
 
ယောဂကျင့်မယ်ဆို သူတို့နဲ့အတူ ကိုယ်က မကျင့်နိုင်တဲ့အတွက် ကိုယ်နေဟန်ထားတွေကို သေချာကြည့်ပြီးမှ လိုက်လုပ်ဖို့လိုပါတယ်။ ကိုယ်နဲ့အဆင်ပြေတဲ့ page အသီးသီးကိုသွားပြီးတော့လည်း သင့်အနေအထားက ဘယ်လိုဆိုတာကို ကွန်မန့်ရေးတာမျိုးတွေ လုပ်နိုင်ပါတယ်။ ဒါမှသာ သူတို့လည်း အားတက်ပြီး နောက်ထပ် ဗီဒီယိုတွေ ထပ်မံရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ကဲ လေ့ကျင့်ခန်းလေး စလိုက်ကြရအောင်။
 
Ref:womenshealthmag
 
 
 
 
 
14 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.