ကမ္ဘာ့ဂရင်းနစ်စံချိန်တင် တက်တူးအများဆုံး ထိုးထားတဲ့ အမျိုးသမီး

13886320_1289605721080245_1257777708557420762_n.jpg

သိပ်နှစ်မြို့စရာ မဟုတ်တဲ့ အရေပြားဝေဒနာကို ဖုံးကာဖို့ ကြိုးပမ်းရာကနေ ကမ္ဘာ့ တက်တူးအများဆုံး ထိုးထားသူအမျိုးသမီးတစ်ယောက်အဖြစ် နာမည်စာရင်းထည့်သွင်းခံခဲ့ရသူကတော့ အမေရိကန်နိုင်ငံက Julia Gnuse ဆိုသူပဲ ဖြစ်ပါတယ်။

"Illustrated lady" လို့ ချစ်စနိုးနာမည်ပေးခံရသူ Julia Gnuse ဆိုသူဟာ သူမ ခန္ဓာကိုယ် ၉၅ ရာခိုင်နှုန်း တက်တူးတွေနဲ့ ဖုံးထားပြီး တောအုပ်ရှုခင်းပုံတွေ၊ ကာတွန်းပုံတွေကနေ သူမ အကြိုက်ဆုံးမင်းသားတွေအထိ သူမခန္ဓာကိုယ်ပေါ်မှာ တက်တူးမျိုးစုံပါ။ နေရောင်ခြည်ထိတွေ့ရင် အရည်ကြည်ဖုပေါက်ပြီး အပူလောင်ဒဏ်ရာ ၃ ဒီဂရီထိ နစ်ဝင်ကာ အမာရွတ်ကျန်ရစ်စေတဲ့ porphyria ခေါ် ဖြစ်တောင့်ဖြစ်ခဲ ရောဂါတစ်မျိုး ဖြစ်ပွားပြီးတဲ့နောက် တက်တူးတွေ စတင်ထိုးဖြစ်ခဲ့တာလို့ သိရပါတယ်။

 

 

Ms Gnuse က သူမရဲ့ရောဂါဝေဒနာအတွက် ဆောင်ရွက်နိုင်တဲ့ ကုသမှုရှိခဲ့ပေမယ့် ဘေးထွက်ဆိုးကျိုးအနေဖြင့် မျက်စိကန်းသွားနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ကြောင့် မသက်သာသည်အထိ body art ကိုပဲ သူမ ကျင့်သုံးခဲ့ပါတယ်။ ဆေးမင်ရည်က အရေပြားကို အရည်ကြည်ပေါက်ခြင်းမှ မရပ်တန့်စေသည့်တိုင် အမာရွတ်တွေ ဖုံးအုပ်ပြီး နေရောင်ခြည်နဲ့ ထိတွေ့ခွင့်ရစေခဲ့ပါတယ်။ 

Ref: CCTVNews 

775 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.