နှလုံးရောဂါဖြစ်နိုင်ခြေရှိခြင်း၊ မရှိခြင်း ဆံပင်ကနေ စစ်ဆေးသိနိုင်

4de55725-443e-41db-b725-84037e34f307.jpg
ဆံပင်မှာ cortisol ခေါ် စိတ်ဖိစီးမှုဟော်မုန်း စုစည်းမှုမြင့်တက်ခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေအလားအလာ ဖော်ညွန်းတဲ့ အရာတစ်ခုပါ။ အဲဒီပမာဏနဲ့အညီ နှလုံးသွေးကြောပြတ်မှုအန္တရာယ် ရှိမရှိ လနဲ့ချီကြိုတင် သိရှိနိုင်ပါတယ်။ 
 
သွေးဖွဲ့စည်းမှုနဲ့ စိတ်ဖိစီးမှု အကျိုးသက်ရောက်ပုံကို စူးစမ်းလေ့လာရင်း ကနေဒါသိပ္ပံပညာရှင်တွေဟာ ဒီကိုယ်ပေါ်က အမှတ်အသားက နှလုံးရောဂါဖြစ်နိုင်ခြေရှိမှု ညွန်ပြကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆံပင်မှာ cortisol ပမာဏကို လနဲ့ချီ စောင့်ကြည့်စစ်ဆေးနိုင်ပါတယ်။
 
တစ်လ ဆံပင် ၁ စင်တီမီတာနှုန်းရှည်ထွက်တယ်ဆိုပါစို့  အနည်းဆုံး ၆ လအတွင်း ၆ စင်တီမီတာအရှည်က cortisol ပမာဏဆုံးဖြတ်နိုင်ပါတယ်။  ဒီနောက်ဆုံးအတည်ပြုသုံးသပ်ချက်က နှလုံးရောဂါ တွေ့ကြုံခံစားခဲ့ဖူးသူတွေရဲ့ ဆံမျှင် ၅၆ ချောင်း စစ်ဆေးလေ့လာပြီးနောက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီဆံခြည်မျှင်တွေကို နှလုံးရောဂါ မခံစားခဲ့ဖူးသူတွေရဲ့ဆံပင်နဲ့ နှိုင်းယှဉ်မှု ပြုလုပ်ခဲ့ပါတယ်။ 
 
Ref:finelivingadvice
146 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.