အလေးမခြင်းက အရွယ်မတိုင်မီ အသက်ဆုံးရှုံးမှုအန္တရာယ် ၄၆% လျှော့ပေးနိုင်

weightlifting-cuts-risk-early-death-750x500.jpeg

ကိုယ်ကာယလေ့ကျင့်ခန်းနဲ့ ပတ်သက်လာရင် အပြေးကစားခြင်းကို လူတိုင်း အသားပေးလုပ်ဆောင်နေတတ်ကြပြီး အလေးမခြင်းကိုတော့ ချန်ထားတတ်ကြပါတယ်။ အလေးမခြင်းက အသက်ဆုံးရှုံးမှုအန္တရာယ် ၄၆% လျှော့ကျစေကြောင်း Penn State College of Medicine မှ မကြာသေးမီ လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။

ယင်းလေ့လာမှုက ၆၅ နှစ်နဲ့ အဲဒီထက်ရှိသူတွေကို စစ်ဆေးလေ့လာပြီး ၁၅ နှစ်အတွင်း သူတို့ လေ့ကျင့်ခန်းအလေ့အထတွေ ခြေရာခံလေ့လာခဲ့ပါတယ်။ စမ်းသပ်စစ်ဆေးခံသူ ၁၀% သာ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်မှု လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ဆောင်ခဲ့သူတွေ သေဆုံးနိုင်တဲ့ အလားအလာ အနည်းဆုံး ဖြစ်ပါတယ်။ အထူးသဖြင့် အလေးမလေ့ကျင့်မှုပြုခဲ့သူတွေ နှလုံးရောဂါဖြစ်ပွားမှု ၄၁% နဲ့ ကင်ဆာရောဂါဖြင့် သေဆုံးမှု ၁၉% နည်းပါးကြပါတယ်။

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက အရွယ်မတိုင်မီသေဆုံးခြင်း၊ ဦးနှောက်သွေးကြောရောဂါ၊ ဆီးချိုရောဂါနဲ့ တခြားကင်ဆာရောဂါတွေ ကြိုတင်ကာကွယ်ခြင်းနဲ့ ဆက်နွယ်ပါတယ်။ ဒါပေမယ့် အလေးမလေ့ကျင့်ခန်းက အထူးသဖြင့် ကြံ့ခိုင်မှု၊ ကြွက်သားထုနဲ့ ခန္ဓာကိုယ်လုပ်ဆောင်ချက်တို့ရဲ့ အကျိုးကျေးဇူးများနဲ့ ပတ်သက်ပါတယ်။ အဲဒီအပြင် ဆီးချိုရောဂါ၊ အရိုးပွရောဂါ၊ ကြောကုန်းအောက်ပိုင်း နာကျင်မှုကိုက်ခဲမှုနဲ့ အဝလွန်မှုစတဲ့ နာတာရှည်ရောဂါတွေ ပိုမိုတိုးတက်ကောင်းမွန်လာခြင်းနဲ့လည်း ဆက်စပ်လျက်ရှိပါတယ်။ 

Ref: simplemost

 

54 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.