သင်တို့ချစ်သူနှစ်ဦးရဲ့ အသက်အရွယ်ကွာဟာမှုက လမ်းခွဲပြတ်စဲမှုဖြစ်စေနိုင်သလား

လူအယောက် ၃,၀၀၀ ကနေ ၂၀၁၄ လေ့လာမှုတစ်ခုက သင်နဲ့ သင့်လက်တွဲဖော်ကြား အသက်ချင်းကွာဟမှုက အချစ်ရေးဆက်ဆံမှုအပေါ် ရိုက်ခတ်မှု သိသိသာသာ ရှိနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အသက်အရွယ်ကွာဟမှု ပိုများလေ၊ ကွာရှင်းနိုင်ခြေ ပိုများလေဖြစ်ကြောင်း Emory University က စီးပွားရေး ပညာရပ်ဌာနက သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

၆၀ နဲ့ ၃၀ နှစ်ကြားအရွယ်အတွက် တူညီတဲ့ စိတ်ပါဝင်စားမှု၊ အကြိုက်ဆုံးအရာနဲ့ ရေရှည်ရည်မှန်းချက်တွေရှိရန် အင်မတန်ခက်ခဲပါတယ်။ အဲဒီလိုအချစ်ရေး အဆင်ပြင်စေရေးက ပြင်းထန်တဲ့ စိန်ခေါ်မှုရှိရန် ဖြစ်ပါတယ်။ သို့ပေမယ့် အသက်ကွာခြားမှု ပိုမိုနည်းပါးသူတွေမှာ လမ်းခွဲနိုင်ခြေ ပိုများတယ်လို့ တွေ့ရှိခဲ့တာ တကယ်စိတ်ဝင်စားစရာကောင်းပါတယ်။

အသက် ၅ နှစ်ကွာတဲ့ စုံတွဲတွေ ကွာရှင်းပြတ်ဆဲနိုင်ခြေ ၁၈% ရှိပါတယ်။ ဒီကိန်းကဏန်းဟာ ၁၀ နှစ်အသက်ကွာဟမှုအတွက် ၃၉% နဲ့ အသက် ၂၀ ကွာဟသူတွေအတွက် ၉၅% မြင့်တက်ခဲ့ပါတယ်။ တစ်နှစ်လေးသာ ကွာတဲ့စုံတွဲတွေ လှမ်းခွဲပြတ်ဆဲနိုင်ခြေအနည်းဆုံးမို့ အချစ်ရေးဆက်ဆံမှု တည်တံ့ချစ်ရင် တစ်နှစ်က အကောင်းဆုံး အသက်ကွာခြားမှု ဖြစ်ပါတယ်။

အခုအခါ အသက်အရွယ်ကွာဟမှုတွေက အိမ်ထောင်ရေးပျက်ပြားမှုတွေ တိုက်ရိုက် သက်ရောက်မှုရှိမရှိ အခိုင်အမာပြောဆိုဖို့ သိပ်ခက်ခဲနေကြောင်း ဆိုကြပါတယ်။ ပညာရေးအဆင့်အတန်းချင်း ခြားနားနေခြင်းက စုံတွေကို ကွာရှင်းပြတ်စဲနိုင်ခြေ ၄၃% ပိုဖြစ်စေပါတယ်။

မိမိထက် အသက်ပိုကြီးလွန်း သို့မဟုတ် ပိုငယ်လွန်းသူတွေ ရွေးချယ်သူတွေဟာ အချစ်ရေးဆက်ဆံမှုပျက်ပြားစေတဲ့ အပြုအမူတွေ ရှိနိုင်ခြေပိုများနိုင်ကြောင်းလည်း သိရပါတယ်။

Ref: Metro

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.