ဂျင်းနဲ့ ခရင်းဘယ်ရီ cocktail လေး ကိုယ်တိုင်ဖျော်သောက်ချင်သူများအတွက်

cocktail-e1440426684286-630x350.jpg

စနေ တနင်္ဂနွေ အားလပ်ရက်လေးမှာ အိမ်မှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုပြီး တစ်နေရာမှာပဲဖြစ်ဖြစ် ကိုယ်တိုင် cocktail လုပ်သောက်ချင်သူတွေအတွက်  ခရင်းဘယ်ရီသီး cranberry၊ ပန်းသီးနဲ့ ဂျင်းတို့ရောပြီး ဘယ်လိုဖျော်စပ်လို့ရတယ်ဆိုတာလေး ပြောပြပေးချင်ပါတယ်။ ဒီဖျော်စပ်မှုက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်နေတဲ့ ဗီတာမင်တွေ အထောက်အပံ့ပေးသွားမှာ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ 

·         ရေခဲ ၂၀၀ ဂရမ် (၇ အောင်စ)

·         ခရင်းဘယ်ရီသီး ၄၀၀ ဂရမ် (၁၄.၁ အောင်စ)

·         ဂျင်းတက် ၂-၄ ခု

·         သကြားရည် ထမင်းစားဇွန်း (၃) ဇွန်း

·         ပန်းသီးရည် (၂) ခွက်

·         သံပုယိုသီး (အနံ့မွှေးစေရန်) တို့ပဲ ဖြစ်ပါတယ်။ 

ပြင်ဆင်ပုံပြင်ဆင်နည်း

၁။ ပန်းသီးရည်ကလွဲလို့ ပါဝင်ပစ္စည်းအားလုံး သစ်သီဖျော်စက်တစ်ခုထဲ ပေါင်းထည့်။

၂။ အဓိကပါဝင်ပစ္စည်းတွေ ကြိတ်စက်ထဲ ကောင်းစွာရောစပ်ပြီးပြီဆိုတာနဲ့ ပန်းသီးရည်လောင်းထည့်။ နောက်ထပ်တစ်မိနစ် လှုပ်ခါပေးရပါမယ်။

၃။ ဖန်ခွက်တစ်ခုမှာ ပြောင်းထည့်ပြီး နောက်ဆုံး အနံ့အသက်ကောင်းအောင် သံပုယို ထည့်ပေးပါ။ 

Ref: FLA 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.