Kylie Jenner ထုတ်လုပ်တဲ့ မျက်ခမ်းဆိုးဆေး အရောင်စုံ ပစ္စည်းဟာ ပုံစံတူခိုးချထားတယ်လို့ စွပ်စွဲခံရ

landscape-1469698010-kyshadow-shaaanxo-eyeshadow.jpg
 Kylie Jenner ဟာ သူမထုတ်လုပ်တဲ့ အလှကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အင်တာနက်မှာ နောက်တစ်ကြိမ် သတင်းမွှေးနေပြန်ပါပြီ။ ဒီတစ်ခါတော့ ကုန်ပစ္စည်းအသစ်ထုတ်လုပ်တာ မဟုတ်တော့ပါဘူး။ သူမ နောက်ဆုံးထုတ်လုပ်ထားတဲ့ မျက်ခမ်းဆိုးဆေး အရောင်စုံ ပစ္စည်း ကြောင့် ပြဿနာတက်နေတာပဲဖြစ်ပါတယ်။
 
အသက် ၁၈ နှစ်သာရှိသေးတဲ့ Kylie Jenner ရဲ့ ပထမဆုံး မျက်ခမ်းဆိုးဆေး အရောင်စုံပစ္စည်းဟာ သိသိသာသာ အောင်မြင်ခဲ့တယ်ဆိုတာကိုတော့ ငြင်းစရာမရှိပါဘူး။ တစ်မိနစ်အတွင်းမှာတင်ပဲ ပိုးစိုးပက်စက် ရောင်းထွက်ခဲ့တာပါ။ ဒါပေမယ့် အခုတော့ Kylie Jenner ကို YouTube အသုံးပြုသူ အလှအပဆိုင်ရာ တင်ဆက်သူအမျိုးသမီးတစ်ဦးက သူမရဲ့  မျက်ခမ်းဆိုးဆေး ရောင်စုံပစ္စည်းကို Kylie Jenner က ပုံစံတူ ခိုးချထားတယ်လို့ စွပ်စွဲလိုက်ပါပြီ။
 
နယူးဇီလန် နိုင်ငံမှာနေထိုင်ပြီး အလှအပဆိုင်ရာ အကြောင်းအရာတွေကို YouTube က တဆင့် တင်ဆက်လေ့ရှိတဲ့ Shannon အမျိုးသမီးက Kylie Jenner ရဲ့  မျက်ခမ်းဆိုးဆေး အရောင်စုံပစ္စည်းနဲ့ သူမထုတ်လုပ်ထားတဲ့ မျက်ခမ်းဆိုးဆေး အရောင်စုံ ပစ္စည်း တို့ကို တွဲဖက် နှိုင်းယှဉ်ပြထားတဲ့ ဓါတ်ပုံ နဲ့ Twitter မှာ ဖော်ပြ စွပ်စွဲခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူမက emoji အချို့ကိုသာ ဓါတ်ပုံရဲ့  Caption အဖြစ် ဖော်ပြထားပြီး တစ်စုံတစ်ရာ ရေးသား စွပ်စွဲထားခြင်းတော့ မရှိပါဘူး။ 
 
Kylie Jenner ထုတ်လုပ်တဲ့ မျက်ခမ်းဆိုးဆေး အရောင်စုံ ပစ္စည်း ဟာ ဈေးနှုန်း ၄၂ ဒေါ်လာ ရှိပြီး Shannon ရဲ့  မျက်ခမ်းဆိုးဆေး အရောင်စုံ ပစ္စည်းကတော့ ဈေးနှုန်း ၁၁ ဒေါ်လာ ပဲ ကျသင့်တာကို တွေ့ရပါတယ်။ Twitter အသုံးပြုသူအချို့ကတော့ Kylie Jenner ရဲ့  ခိုးချထားမှုအပေါ် ဒေါသထွက်နေပြီး အချို့ကတော့ လက်မခံကြပါဘူ။
 
Ref:cosmopolitan
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.