Kim Kardashian ပြောပြတဲ့ ကမ်းခြေသွားရင် နေရောင်ခြည်ဒဏ် ဘယ်လိုကာကွယ်ရမယ်ဆိုတာ

kim-kardashian-white-outfit-800x400.jpg
လူအများစုဟာ ကမ်းခြေသွားရတာ အလွန်သဘောကျကြပါတယ်။ ကမ်းစပ်ကို ရိုက်ခတ်လာတဲ့ ရေလှိုင်းတွေရဲ့  ဆူညံသံဟာ မြို့ပြမှာ နေ့စဉ် ရုန်းကန် ဖြတ်သန်းနေရတဲ့ လူတစ်ယောက်အတွက် စိတ်ရောကိုယ်ပါ နုပျို လန်းဆန်းသွားစေတဲ့ ကုထုံးတစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။ ဒါပေမယ့် ကမ်းခြေကို သွားလို့ အတိုအပြတ်တွေ ၊ ရေကူးဝတ်စုံတွေ ၀တ်ဆင်တဲ့အခါမှာ သေချာတာ တစ်ခုကတော့ ခရမ်းလွန်ရောင်ခြည်ရဲ့  တိုက်ရိုက်ထိတွေ့မှုကို ကာကွယ်ဖို့အတွက် လိုးရှင်းတစ်ခုကို လိမ်းရပါလိမ့်မယ်။ အဲဒါလို ကမ်းခြေသွားမယ့် သူတွေအတွက် (အထူးသဖြင့် မိန်းကလေးများအတွက်) Reality Star တစ်ယောက်ဖြစ်တဲ့ Kim Kardashian က သူမရဲ့  ၀က်ဘ်ဆိုက်က တဆင့် နည်းလမ်းကောင်းတစ်ခုကို ဖော်ပြခဲ့ပါတယ်။
အဲဒီနည်းလမ်းကတော့ ကမ်းခြေမှာ သွားလာဖို့ လိုးရှင်း တစ်ခုခု အသုံးပြုတဲ့အခါမှာ ခန္ဒာကိုယ် တစ်ခုတည်းကို သာမကပဲ ဆံပင် ၊ နှုတ်ခမ်းတွေနဲ့ မျက်နှာတွေကိုပါ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကနေ ကာကွယ်သင့်တယ်လို့ ဆိုထားပါတယ်။ ဆံပင်ကို နေရောင်ခြည်ဒဏ် ကာကွယ်တဲ့ ခရင်မ် လိမ်းလို့ရလို့လားလို့ သင်မေးလာရင်တော့ ရတယ် လို့သာ ဖြေရမှာ ဖြစ်ပြီး ဆံပင် ၊ နှုတ်ခမ်းတွေနဲ့ မျက်နှာတွေအတွက် နေရောင်ခြည်ဒဏ်ကာကွယ်ပေးတဲ့ ထုတ်ကုန်တွေများစွာရှိနေတယ်ဆိုတာကိုလည်း အသိပေးချင်ပါတယ်။
Kim Kardashian ထောက်ခံ ရည်ညွှန်းပေးထားတဲ့ ဆံပင်အတွက် နေရောင်ခြည်ဒဏ်ကာကွယ်ပေးတဲ့ ထုတ်ကုန်တွေကတော့ Aveda Sun Care Protective Hair Veil နဲ့ Sachajuan Hair in the Sun တို့ပဲ ဖြစ်ပါတယ်။ Kim Kardashian ပြောပြတဲ့ အလှအပ ရေးရာ တွေကို အသေးစိတ်ဖတ်ရှုချင်ရင်တော့ သူမရဲ့  ကိုယ်ပိုင်ဝက်ဘ်ဆိုက်ကို ၀င်ရောက်လေ့လာသင့်တယ်လို့ အကြံပြုလိုက်ပါရစေ။
Ref:elitedaily
115 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.