Ashton Kutcher နဲ့ Mila Kunis တို့ရဲ့  အံ့အားသင့်ဖွယ် မင်္ဂလာလက်စွပ် ဈေးနှုန်းများ

mila-kunis-wedding-ring-800x400.png
ဟောလီးဝုဒ် သရုပ်ဆောင် စုံတွဲတစ်တွဲဖြစ်တဲ့ Ashton Kutcher နဲ့ Mila Kunis တို့ဟာ အလွန် ကပ်စေးနည်းကြသူတွေဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက "Bad Moms" ဇာတ်လမ်းရဲ့  ကြယ်ပွင့် ဖြစ်ပြီး အသက် ၃၂ နှစ် ရှိပြီဖြစ်တဲ့ မင်းသမီး Mila kunis ဟာ သူမရဲ့  အနုပညာ လှုပ်ရှားမှုတွေအကြောင်းပြောရင်း သူမနဲ့ Ashton Kutcher တို့ရဲ့  အိမ်ထောင်ရေး ဖြတ်သန်းမှုတွေအကြောင်းကို ထည့်သွင်းပြောပြခဲ့ပါတယ်။
 
အဲဒီလို ပြောပြခဲ့တဲ့အထဲမှာ စိတ်ဝင်စားဖို့ကောင်းပြီး နားထောင်ရတာ ပျော်စရာကောင်းတဲ့အချက်တွေဖြစ်တဲ့ Ashton Kutcher ရဲ့  စက်မှုလက်မှုကိရိယာဘူး နဲ့ အလုပ်ရှုပ်နေတတ်တဲ့အကြောင်းတွေ ပါဝင်ပါတယ်။ ဒါ့အပြင် Mila Kunis အနေနဲ့ နောက်ဆုံး ၀န်ခံပြောကြားသွားတဲ့ သူမတို့ အိမ်ထောင်ရေး ဖြတ်သန်းမှု တစ်ခုကတော့ သူမတို့ရဲ့  မင်္ဂလာ လက်စွပ်အတွက် အသုံးပြုခဲ့တဲ့ ငွေကြေးပမာဏပါ။ အံ့အားသင့်စရာပါပဲ။ သူမတို့ စုံတွဲဟာ ဆိုဖာကူရှင်ကြားမှာ ရှာတွေ့ခဲ့တဲ့ အကြွေတွေနဲ့ မင်္ဂလာလက်စွပ် ၀ယ်ခဲ့သလား မှတ်ရပါတယ်။
 
Ashton Kutcher နဲ့ Mila Kunis တို့ဟာ ETSY ဆိုတဲ့ ရတနာ ပစ္စည်းဆိုင် အသေးစားလေးကို သွားရောက်ပြီး သတို့သားအတွက် လက်စွပ်က ဒေါ်လာ ၁၀၀ နဲ့ သတို့သမီးအတွက် လက်စွပ်က ဒေါ်လာ ၉၀ တန် တို့ကို ၀ယ်ယူပြီး မင်္ဂလာလက်စွပ်အဖြစ် အသုံးပြုခဲ့ကြတာပဲ ဖြစ်ပါတယ်။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.