စိတ်ဝင်စားဖွယ် မွေးလနဲ့ ကျန်းမာရေးနှစ်ခုကြား ဆက်နွယ်မှုကွင်းဆက်များ

screen-shot-2016-07-26-at-9.45.43-am-672x372.png

လေ့လာမှုတွေ အဆက်မပြတ်ထွက်လာကြပေမယ့် မွေးနေ့နဲ့ ကျန်းမာရေးနှစ်ခုကြား ဆက်စပ်မှုကို ပစ်ပယ်ထားကြပါတယ်။ မွေးလက ကျန်းမာရေးအပေါ် စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာနှစ်ခုစလုံးမှာ အကျိုးသက်ရောက်စေကြောင်း ဆရာဝန်အများစု ယုံကြည်ထားကြပါတယ်။

နွေရာသီမွေးကလေးတွေ ယျေဘုယျအားဖြင့် ပိုကျန်းမာကြပြီး ဗီတာမင် D ထိတွေ့မှု အများဆုံး ဖြစ်ခြင်းကြောင့်လို့ ယုံကြည်ထားပါတယ်။

ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လ မွေးသူတွေမှာ မွေးဖွားစဉ် ကိုယ်အလေးချိန် ပိုများပြီး အများစုမှာ အရွယ်ရောက်လာရင် အရပ်အမောင်း မြင့်ကြပါတယ်။ ဒီဇင်ဘာ၊ ဇန်နဝါရီနဲ့ ဖေဖဝါရီလ မွေးသူတွေ မွေးဖွားစဉ် ကိုယ်အလေးချိန်နည်းပြီး ပျိုဖော်ဝင်ချိန် ပိုစောကြပြီး အရပ်လည်း ပိုပုကြပါတယ်။

ဆောင်းဦးမှာ မွေးတဲ့ကလေးတွေ ပန်းနာရောဂါကူးစက်မှု ခံနိုင်ရည် ပိုနည်းကြပါတယ်။ ဒီကလေးတွေဟာ ဆောင်းရာသီအအေးဒဏ်နဲ့ ငှက်ဖျားရာသီ ပထမဆုံးစတင်ရင်ဆိုင်ရတဲ့အခါ အရမ်းနုနယ်နေကြသေးလို့ ဖြစ်ပါတယ်။ စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာလ မွေးသူတွေ ပန်းနာရောဂါဖြစ်နိုင်ခြေ ၃၀% ပိုများတယ်လို့ ၂၀၀၈ လေ့လာမှုက အခိုင်အမာဆိုထားပါတယ်။

ဒီလေ့လာမှုအရ နှလုံးရောဂါနဲ့ ဆက်စပ်ပြီး လူ ၆ သန်းကျော်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒီလူတွေအနက် အများစုမှာ နိုဝင်ဘာလမွေးတွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။ နွေဦးမှာ မွေးသူတွေကတော့ ဦးနှောက်သွေးကြောရောဂါ ဖြစ်ပွားနိုင်ခြေပိုများပါတယ်။ ဆောင်းဦးရာသီမှာ မွေးသူတွေ အသက်ရှူပြသနာ ခံစားရနိုင်ခြေ ပိုများကြပါတယ်။ 

Ref: thespiritscience 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.