အမေရိကန်ပြည်ထောင်စုရဲ့  ပထမဆုံး ဘီယာ မာစတာ အမျိုးသမီး

treadwell-park-beer-feature.jpg
ယမကာပါဝင်မှု ပမာဏ နည်းပါးပြီး အရသာ အမျိုးမျိုးနဲ့ အခြေခံချက်လုပ်ထားတဲ့ စည်ဘီယာကို Craft Beer လို့ ခေါ်ပါတယ်။ တစ်နည်းအားဖြင့် သာမန် စည်ဘီယာ တွေနဲ့ Craft ဘီယာဟာ အရောင် ကွဲပြားပါတယ်။ Pilsners လို ဘီယာ အပျော့စား မျိုးကနေ ခပ်ပြင်းပြင်း ချက်လုပ်ထားတဲ့ Stouts အထိ ဘီယာအရောင် တစ်မျိုးထူးခြားနေတဲ့ ဘီယာတိုင်းကို Craft ဘီယာလို့ ခေါ်ပြီး စည်ဘီယာ အနေနဲ့ ရောင်းချတာရှိသလို ပုလင်းများနဲ့ ထုတ်ပိုးရောင်းချတာတွေလည်း ရှိပါတယ်။
 
အမေရိကန်ပြည်ထောင်စုရဲ့  နယူးယော့ခ်မြို့မှာ နေထိုင်တဲ့ Anne Becerra ဆိုသူ အမျိုးသမီးဟာ ဘီယာ မာစတာ လို့ အဓိပ္ပာယ်ရတဲ့ Certified Cicerone ဆိုတဲ့ ဂုဏ်ပုဒ်ကို သတ်မှတ်ခြင်းခံခဲ့ရတဲ့ ပထမဆုံး အမျိုးသမီး အဖြစ် စံချိန်တင်ခဲ့ပါတယ်။  ဒါပေမယ့်လည်း သူမဟာ ဘီယာ သောက်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာတော့ မဟုတ်ပါဘူး။ သူမဟာ Craft ဘီယာ နဲ့ ပတ်သက်ရင် ကျွမ်းကျင်စွာ ချက်လုပ်နိုင်သလို Craft ဘီယာတွေ အားလုံးအကြောင်းကို ဂဃနဏ နားလည် ထားတာကြောင့် ဒီ ဂုဏ်ပုဒ်ကို ပေးအပ်ခံခဲ့ရတာဖြစ်ပါတယ်။ 
 
သူမဟာ ဆယ်စုနှစ်တစ်ခုကျော်လောက် မန်ဟတ်တန် မြို့နယ်အတွင်းမှာ Craft ဘီယာ နဲ့ပတ်သက်တဲ့ ပရိုဂရမ်တွေကို လုပ်ဆောင်ခဲ့ပြီး Craft ဘီယာ တွေ တွင်ကျယ် ဖွံ့ဖြိုးလာဖို့ကိုလည်း တတ်နိုင်သလောက် ကူညီပေးခဲ့သူဖြစ်ပါတယ်။ သူမဟာ The Blind Tiger ၊ The Pony Bar ၊ The Ginger Man အစရှိတဲ့ နယူးယော့ခ်မြို့တော် အတွင်းမှာရှိတဲ့ ဘီယာ ဘားတွေမှာ Craft ဘီယာနဲ့ ပတ်သက်တဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ သူမဟာ “Craft ဘီယာ လှုပ်ရှားမှုတွေရဲ့  သူရဲကောင်းတွေထဲက တစ်ယောက်အဖြစ်လည်း နာမည်တွင်ခဲ့ပါတယ်။ 
 
သူမဟာ ယောကျာင်္းအများစု ဦးစီးလုပ်ကိုင်နေတဲ့ ဘီယာ လုပ်ငန်းမှာ အခုလို နာမည်ကြီးနေခြင်းနဲ့ ပတ်သတ်ပြီးတော့လည်း “ယောကျာင်္းတွေဘီယာသောက်တာနဲ့ ပတ်သက်ပြီး အကြီးအကျယ် ချဲ့ကားဖော်ပြထားတဲ့ ကြော်ငြာ တွေ ၊ လုပ်ငန်းတွေ အများကြီးရှိပါတယ်။ အများစုကတော့ လိင်ပိုင်းဆိုင်ရာအကြောင်းအရာတွေပါဝင်တဲ့ ကြော်ငြာတွေပါ။ တော်တော်ဆိုးပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့ အရည်အသွေးနဲ့ သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ရင် အမျိုးသမီးတွေဟာ ဘီယာ ချက်လုပ်ခဲ့ရသူတွေပါ။ အဲဒါဟာ အိမ်ထောင်မှု တာဝန်တစ်ခု ဖြစ်ခဲ့တာပါ။ Craft ဘီယာလုပ်ငန်း ကို ဘီယာလုပ်ငန်း နယ်ပယ်ထဲကနေ သီးခြား ခွဲထွက်ရပ်တည်ပြနိုင်ခဲ့ရင် အမျိုးသမီး တွေအားလုံးအတွက် ဖြစ်လာမှာပါ။” လို့ လည်း ပြောပြသွားပါတယ်။
 
Ref:elitedaily
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.