လေ့ကျင့်ခန်း ပြုလုပ်မှု ကင်းမဲ့ခြင်းဟာ ဆေးလိပ်သောက်ခြင်းကဲ့သို့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်

working-out-smoking-death-799x400.jpg
သင်အခုထိုင်နေတာလား။ အဲဒါဆိုရင်တော့ သတင်းဆိုး ပါလာပါတယ်။ အမြန်ဆုံး မတ်တပ်ရပ်ပြီး လေ့ကျင့်ခန်း တစ်ခုခု လုပ်လိုက်ပါ။ လေ့လာမှု အသစ်တစ်ခုအရ ကိုယ်ကာယ လေ့ကျင့်ခန်း ကင်းမဲ့ခြင်းဟာ ဆေးလိပ် သောက်ခြင်းလိုပဲ သေဆုံးနိုင်ချေ များလာစေတယ်လို့ သိရပါတယ်။
 
ဆွီဒင်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ အမျိုးသား ၈၀၀ ယောက် ခန့်ကို အသက်လတ်ပိုင်း အရွယ် ကစလို့ သူတို့အသက် ၄၅ နှစ်ပြည့်တဲ့အချိန်အထိ ကျန်းမာရေး အခြေအနေများကို မှတ်တမ်းတင်ထားခဲ့ပါတယ်။ အဲဒီမှာ သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တာကတော့ ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်မှု ပမာဏ မြင့်မားခြင်းဟာ စောစောစီးစီး သေဆုံးနိုင်ချေ နည်းပါးသွားစေတယ်ဆိုတာပါပဲ။ အတိအကျပြောရရင်တော့ ၂၁ ရာခိုင်နှုန်းတိတိ နည်းပါးသွားစေခဲ့ပါတယ်။ ဒါကြောင့် ငယ်ရွယ်တုန်းမှာ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သင့်ပြီး အသက်လတ်ပိုင်းအရွယ်ရောက်တဲ့အခါမှာ လေ့ကျင့်ခန်းပြုလုပ်မှုကို ပိုမို အရှိန်အဟုန်မြှင့်လိုက်သင့်တယ်လို့ သိပ္ပံပညာရှင်တွေက အကြံပြုထားကြပါတယ်။
 
ဆေးလိပ်သောက်ခြင်းဟာ အသက်အန္တရာယ်ကို ထိခိုက်လာစေသလိုပဲ လေ့ကျင့်ခန်းပြုလုပ်မှု ပမာဏဟာလည်း သွေးဖိအား မြင့်တက်ခြင်း ၊ ကိုလက်စထရော မြင့်မားလာခြင်း စတဲ့ စောစောစီးစီး သေဆုံးနိုင်စေတဲ့ လက္ခဏာ တွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း(WHO) ရဲ့  ထုတ်ပြန်ချက်အရ တော့ ကမ္ဘာ့သေဆုံးမှုအများဆုံး ရောဂါဟာ နှလုံးရောဂါ ဖြစ်ပြီဒ အဲဒီလို နှလုံးရောဂါ ဖြစ်လာစေတဲ့ အကြောင်းအရင်းတွေက ဆေးလိပ်သောက်ခြင်း ၊ သွေးဖိအားမြင့်တက်လာခြင်း နဲ့ ကိုလက်စထရော မြင့်တက်လာခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ 
 
ကိုယ်ကာယ လေ့ကျင့်ခန်း ပြုလုပ်မှု ကင်းမဲ့ခြင်းဟာ သေဆုံးခြင်းကို တိုက်ရိုက်မဖြစ်နိုင်စေမယ့် သေဆုံးမှုကို ဦးတည် လာမယ့် ရောဂါ လက္ခဏာ တွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် သာမန်ထက် စောစီးစွာ သေဆုံးနိုင်ချေများရခြင်း ပဲ ဖြစ်ပါတယ်။  ဒါကြောင့်လေ့ကျင့်ခန်းလုပ်ဖို့ Gym မသွားနိုင်သေးဘူးဆိုရင်လည်း အလုပ်စားပွဲမှာ တစ်နေကုန် ထိုင်နေရာကနေ တစ်နေ့ကို မိနစ် ၃၀ ခန့်လောက် လမ်းလျှောက်ပေးခြင်း ၊ ဖြေးဖြေးခြင်း ပြေးခြင်း စတဲ့ လှုပ်ရှားမှုမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်။
 
Ref:elitedaily
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.