စုံတွဲဆက်ဆံမှု အဆုံးသတ်ပြီးနောက်ပိုင်း အွန်လိုင်းမှာ ရည်းစားဟောင်းတွေရဲ့ နာမည်လိုက်ဖျက်၊ အရှက်ခွဲတာကို ခံရသူ ပိုမိုများပြားလာ

internet-use.jpg

အချစ်ရေးဆက်ဆံမှုတစ်ခု ပြတ်ဆဲကြပြီးတဲ့နောက် အမျိုးသား (၄၀%) နဲ့ အမျိုးသမီး (၃၆%) တို့ဟာ  အွန်လိုင်းအလွဲသုံးစားပြုမှု ရင်ဆိုင်နေရကြောင်း လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။ လက်တွဲဖော်ဟောင်းတွေကြား ဒစ်ဂျစ်တယ်နည်းပညာနဲ့ အလွဲသုံးစားပြုမှုက စံတစ်ခု ဖြစ်လာခဲ့တယ်လို့လည်း ၄င်းက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ပြတ်သွားကြတဲ့ စစ်တမ်းကောက်ယူမှု ဖြေကြားသူ ၃၇% ဟာ ယခင်လက်တွဲဖော်ဆီက အွန်လိုင်းအလွဲသုံးစားပြုမှုသားကောင်ဖြစ်နေကြောင်း တင်ပြခဲ့ပါတယ်။ လေ့လာမှုမှာ ပါဝင်သူ ထက်ဝက်ကျော် သို့မဟုတ် ၅၂% က ဒီလိုတွေ့ကြုံခံစားမှုဟာ တကယ်စိတ်သောကရောက်စေကြောင်း ပြောဆိုခဲ့ကြပါတယ်။ ၄၈% ခန့်က သူတို့အရင်လက်တွဲဖော်တွေဟာ အရင်က မနှစ်မြို့  ဖွယ်ရာ သူတို့အကြောင်းတွေကို သူတို့ဆီ ပြန်လည် ပေးပို့တာမျိုးတွေ ဒါမှမဟုတ် အွန်လိုင်းမေ့ဆေ့ခ်ျ ရှယ်တာမျိုးတွေ ပြုလုပ်တယ်လို့ ဆိုပါတယ်။

၃၄% အနေနဲ့ ယခင်လက်တွဲဖော်တွေဟာ လက်တွဲဖော်သစ် သို့မဟုတ် မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီ နားလည်မှုလွဲစေဖို့ ရည်ရွယ်ချက်ထားပြီး အွန်လိုင်းနဲ့ အဆက်အသွယ်ပြုလုပ်ခဲ့ကြပါတယ်။ ၂၈% က သူတို့လက်တွဲဖော်ဟောင်းတွေ မဟုတ်မမှန်ခဲ့တာတွေ အွန်လိုင်းမေ့ဆေ့ခ်ျ တင် သို့မဟုတ် မေ့ဆေ့ခ်ျပေးပို့ ခြိမ်းခြောက်ခဲ့ကြောင်း ပြောဆိုနေချိန်မှာ ၂၆% က သူတို့ အဆက်ဟောင်းတွေ အများမြင်အောင် မတင်စေလိုတဲ့ အရာတစ်ခုခု အွန်လိုင်းပေါ်တင်ဖို့ ခြိမ်းခြောက်ခဲ့ကြောင်း ပြောဆိုခဲ့ကြပါတယ်။

ယင်းလေ့လာမှုအတွက် အွန်လိုင်းစစ်တမ်းမှတဆင့် အရွယ်ရောက်ပြီးသူ ၁,၆၁၂ ကို ချစ်သူချင်းဆက်ဆံရေး အဆုံးသတ်ခြင်းအကြောင်းနဲ့ လက်တွဲဖော်ဟောင်းဆီက အွန်လိုင်းပေါ်ပြုမူလုပ်ဆောင်ချက်အကြောင်း အင်တာဗျူးမေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။ 

Ref: thehealthsite 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.