Soda သောက်တာ ဘာ့ကြောင့် ကျန်းမာရေးနဲ့ မညီညွတ်သလဲဆိုရင်

255ef205-0a1a-47a6-9802-30fd9ca5dd37.jpg
အမြုပ်တက်တဲ့ အချိုရည်တွေ တစ်နေ့ ၂ ဗူးနဲ့အထက် သောက်သုံးသူတွေ ကျောက်ကပ်ရောဂါအန္တရာယ်ပိုများကြောင်း ဂျာမန်သိပ္ပံပညာရှင်တွေရဲ့အဆိုအရ သိရပါတယ်။ ဒီနောက်ဆုံး သုံးသပ်ချက်အဖြေဟာ ကျင်ငယ်နမူနာနဲ့ အမျိုးသမီး ၁၀ ယောက်ခန့်ဆီက စားသောက်မှုအလေ့အကျင့်ပေါ် အခြေခံထားတာပါ။ အဲဒီလိုအလေ့အကျင့်ရှိသူ အမျိုးသမီးတွေမှာ ကျောက်ကပ်ပျက်စီးမှု အစောပိုင်းလက္ခဏာတစ်ရပ်ဖြစ်တဲ့ ဆီးထဲ protein albumin ပမာဏမြင့်မားမှု ရှိကြပါတယ်။ 
 
သို့သော် အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် အနည်းဆုံး နေ့စဉ်ဆော်ဒါတစ်လုံး ပုံမှန်သောက်ပါက သကြားပါဝင်တဲ့ အချိုရည်ပုံမှန်သောက်သူတွေကဲ့သို့ နှလုံးပြသနာ အလားတူ ရှိပါတယ်။ ဒါဟာ University of Boston ကနေ လူ အယောက် ၉,၀၀၀ ပါဝင်တဲ့ လေ့လာမှုအသစ်တစ်ရပ်က အချက်အလက်တွေ ဖြစ်ပါတယ်။ 
 
ဆော်ဒါသောက်သုံးခြင်းက ဇီဝဖြစ်စဉ်ချို့ယွင်းမှု metabolic syndrome ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။ ယင်းချို့ယွင်းမှုပြသနာထဲမှာ သွေးပေါင်တက်ခြင်း၊ သွေးထဲသကြားဓာတ်မြင့်မားမှု၊ ကိုလက်ထရောနဲ့ triglycerides တို့ ပါဝင်ကြောင်း တွေ့ရပါတယ်။ ဦးနှောက်သွေးကြောရောဂါလည်း ထပ်ဖြစ်ပွားနိုင်ပါတယ်။ လေ့လာမှု ၄ နှစ်တာကာလအတွင်း metabolic syndrome အန္တရာယ် ၄၄% မြင့်တက်ခဲ့ကြောင်းသိရပါတယ်။ 
 
Ref:finelivingadvice
 
 
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.