လာမည့် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီ(၁၃)ရက်တွင် ပေးအပ်တော့မည့် ဖီဖာရွှေဘောလုံးဆု(သို့မဟုတ်)ကမ္ဘာ့အကောင်း ဆုံးဘောလုံးသမားဆုအတွက် ဖီဖာအဖွဲ့ဝင်နိုင်ငံများမှ ဘောလုံးအသင်းနည်းပြများ၊ အသင်းခေါင်းဆောင်များနှင့် မီဒီယာများအား နိုဝင်ဘာ(၂၂)နေ့နောက်ဆုံးထားကာရွေးချယ်ရန် သတ်မှတ်ထားခဲ့ခြင်းအား တစ်ပတ်နောက် ဆုတ်ကာ (၂၉)ရက်သို့ ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်းသိရသည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဘက်မှ ယင်းသို့ရွှေ့ ဆိုင်းလိုက်ရခြင်းမှာ ဖီဖာရွှေဘောလုံးဆုအတွက် မဲပေးရန်ကျန်နေသူများရှိသေးသလို မဲပေးပြီးသူများအနေဖြင့် လည်း စိတ်ပြောင်းအလဲဖြစ်ပါက ပြောင်းလဲနိုင်ရန်အတွက် ဖြစ်ကြောင်း ဖီဖာ၏ ပြောရေးဆိုခွင့်ရှိသူက ပြောထား သည်။
ထိုကဲ့သို့ မဲပေးမှုများကို ပြောင်းနိုင်ရန် ရက်တိုးပေးခဲ့ခြင်းမှာ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုက ဆွီဒင်အား (-(၂-၃)ဂိုးဖြင့် အနိုင်ရခဲ့သောပွဲတွင် အံ့အားသင့်ဖွယ်ရာကောင်းလောက်အောင် ခြေစွမ်းပြပြီး တစ်ဦးတည်းသုံးဂိုး သွင်းခဲ့သည့် ဥရောပဇုန် Play-off ပွဲအပြီးတွင် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ လက်ရှိဖီဖာရွှေဘောလုံးဆုရှင်လီ ယွန်နယ်မက်ဆီမှာမူ ဒူးကောက်ကြောဒဏ်ရာကြောင့် နှစ်လခန့်အနားယူနေရသည်။